နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မူတြော်ခရိုင်အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များ (၂) ရက်တာ လေကြောင်း တိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅) အတွင်းကို စစ်ကောင်စီတပ်များက လေကြောင်း တိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ စက်တင်ဘာလ (၈)ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။


အဲ့ဒီတိုက်ခိုက်မှုကြောင့် ကျောင်းဆရာဆရာများနဲ့ ကျောင်းသူကျောင်းသား (၄) ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာခဲ့ရကာ နေအိမ် (၁၀) လုံး၊ ဘုရားရှိခိုးကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁) ဆောင်တို့ ထခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ဒါ့အပြင် ကျေရွာပေါင်း (၆) ရွာမှ အရပ်သားပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်း (၁၁) ကျောင်းလည်း ပိတ်ထားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လူသောမြို့နယ် အုပ်ချုပ်နယ်မြေရှိ သေသူးခီးနှင့် ကော်ရော်ဘောထာ ကျေးရွာများအတွင်းကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်များနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇) ရက် နံနက် (၁၁:၄၅) မိနစ်အချိန်မှာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး အော်လီဂန်းနဲ့ ပစ်ခတ်ခဲ့တာအပြင် နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလေကြောင်း တိုက်ခိုက်မှုအတွင်း သေသူးခီးရွာသား စောရှီးမူး (၄၅) နှစ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၁၀) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁) ဆောင် တို့ ပျက်စီးသွားခဲ့ရပါတယ်။


ကေအဲန်ယူ−ဒွယ်လိုးမြို့နယ် အုပ်ချုပ်နယ်မြေရှိ ထီးဂေါ်တာကျေးရွာအတွင်းကို စက်တင်ဘာလ (၇) ရက် နံနက် (၆း၀၃) မိနစ်အချိန်မှာ ဂျက်တိုက်လေယာဉ်များနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသားနဲ့ ဆရာဆရာမ (၄) ဦးသေဆုံးခဲ့ရပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ကျောင်းဆရာ စောဖါးဒါး (၅၆ နှစ်)၊ စောအယ်မူလား (၁၄နှစ်) (ကျောင်းသား)၊ နော်ထီးခူဖေါ (၁၆နှစ်) (ကျောင်းသူ) နဲ့ စောဘိုကြီး (၁၃)နှစ် (ကျောင်းသား) တို့ (၄) ဦးမှာ သေဆုံးခဲ့ရပြီး နော်ဖေါစေးထူး (၁၄)နှစ် (ကျောင်းသူ)၊ နော်ဒါးဝါး (၁၁)နှစ်‌ (ကျောင်းသူ)၊ စောအယ်မူလာဝါး (၉)နှစ် (ကျောင်းသား)၊ စောအယ်နေထူး (၁၅)နှစ်(ကျောင်းသား)၊ (၅)နော်မူလာကပေါ် (၁၆)နှစ် (ကျောင်းသူ) နဲ့ ကျောင်းဆရာမ နော်ဒါး (၂၄ နှစ်)တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


၂၀၂၃ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်ကလည်း လူသောမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ကို ဂျက်တိုက် လေယာဉ်များနဲ့ လေကြာင်းတိုက်ခိုက်မှု (၅) ကြိမ်ခန့် ထပ်မံပြုလုပ်ခဲ့ပြီး အဲ့ဒီ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးအတည်ပြုလျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၅) နဲ့ ပူးပေါင်းတပ်ဖွဲ့ များမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၅း၃၀) အချိန်မှာ ခေးပူအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များကို အသုံးပြုကာ ပြည်သူလူထုများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် KNU လူသောမြို့နယ် အုပ်ချုပ်နယ်မြေ အတွင်းရှိ ကျောင်း (၁၁) ကျောင်းက ကျောင်းသူကျောင်သားများ ဆရာဆရာမများမှာ ကျောင်းမတက်ရဲဘဲ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူလူထုများမှာ တောတောင်များအတွင်း အခက်အခဲများစွာ ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များလည်း များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 23 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 19 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 19 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 20 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 16 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ