နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ထောင်နှင့်ချီသော ပါလက်စတိုင်းတို့ မြောက်ဘက်ထိပ်မှ တောင်ဘက်ကို ထွက်ခွာ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ဂါဇာ/ဂျေရုဆလင်။

နိုဝင်ဘာလ (၈) ရက်နေ့တွင် ထောင်နှင့်ချီသော ပါလက်စတိုင်းတို့သည် ပျက်စီးနေသော ဂါဇာကမ်းမြှောင်၏ မြောက်ဘက်မှ တောင်ဘက်သို့ ခြေလျင်ထွက်ပြေးနေကြရသည်။ ဂါဇာ၏ မြောက်ဘက်ထိပ်မှ တောင်ဘက်ထိပ်အထိ (၄၄) ကီလိုမီတာ ဝေးကွာသည်။ ယင်းအကွာအဝေးကို ခြေလျင်ထွက်ပြေးနေကြရသည့် ပါလက်စတိုင်းများအတွက် အလွန်ဒုက္ခရောက်နေသည့် အခြေအနေ ဖြစ်သည်။

အစ္စရေးစစ်တပ်သည် ၎င်း၏ မြေပြင်စစ်ဆင်ရေးနှင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး လူအများအပြားလည်း ထွက်ပြေးရန် ကြိုးပမ်းလျက်ရှိသည်။

အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများသည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ကယ်တင်ရေးလမ်းကြောင်း ဖွင့်ပေးပြီးနောက် Salah Eddin လမ်းမှ တောင်ဘက်သို့ ဦးတည်သွားခဲ့ကြသည်။ Salah Eddin လမ်းမသည် ဂါဇာကမ်းမြောင်၏ မြောက်ဘက်နှင့် တောင်ဘက်တို့ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သည်။

ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက မကြာသေးမီက ထွက်ခွာလာမှုကို `Nakba´ ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည်။ Nakba သည် အစ္စရေးနိုင်ငံကို တည်ထောင်စဉ်အတွင်း ပါလက်စတိုင်းများကို ၎င်းတို့၏ မွေးရပ်မြေမြို့များမှ မောင်းထုတ်ခြင်းကို ရည်ညွှန်းသည့် အာရဗီစကားလုံးဖြစ်သည်။

ကုလသမဂ္ဂ၏ အဆိုအရ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာသူ ဦးရေသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၂,၀၀၀ မှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ၁၅,၀၀၀ တိုးလာသည်။ အစ္စရေးအစိုးရ၏အဆိုအရ နိုဝင်ဘာလ (၈) ရက်နေ့၌ ဂါဇာကမ်းမြောင်ဒေသခံ ၅၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Gallant က IDF တပ်ဖွဲ့ဝင်များသည် ဂါဇာမြို့လယ်ခေါင်သို့ ဝင်ရောက်ခဲ့ပြီး အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်၏ အခြေခံအဆောက်အအုံများနှင့် မြေပြင်ရှိ တပ်မှူးများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ပြောကြားခဲ့သည်။ အစ္စရေးတပ်တွေ မည်သည့်နေရာတွင် တိုက်ခိုက်နေသည်ကိုမူ အတိအကျ မသိရသေးပါ။

“ ဂါဇာဟာ လူ့သမိုင်းမှာ အကြီးဆုံး အကြမ်းဖက်စခန်းပါ။ တစ်မြို့လုံးဟာ အဓိက အကြမ်းဖက် စခန်းတစ်ခု ဖြစ်လာပါပြီ။ ဆေးရုံတွေနဲ့ ကျောင်းတွေကို ဆက်သွယ်ပေးမယ့် မြေအောက်ဥမင်လိုဏ်ခေါင်းရှည်တွေ ရှိပါတယ်” ဟု Gallant က ပြောကြားခဲ့သည်။ “ ဒီစွမ်းရည်ကို ဖြိုဖျက်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားနေပါတယ်။” ဟု သူက ဆိုသည်။

IDF သည် ဂါဇာကမ်းမြောင်ဒေသကို ရက်သတ္တပတ်အတော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စခန်း ၁၄,၀၀၀ ကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ CNN သတင်းထောက်တစ်ဦးနှင့် စကားပြောဆိုသူတစ်ဦးက သူနှင့် ၎င်း၏အိမ်နီးချင်းများသည် “ဆိုးရွားသောနေ့ရက်များကို ဖြတ်သန်းခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ၎င်း၏နေအိမ်မှ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီစစ်ပွဲမှာ လုံခြုံတဲ့နေရာတွေ မရှိတော့ဘူး။ ဘုရားကျောင်းတွေ၊ ဗလီတွေ မရှိဘူး၊ လုံခြုံတဲ့နေရာတွေ မရှိဘူး။ ”ဂါဇာတောင်ကြား ဧရိယာကို ဖြတ်ကျော်ပြီး ဗုံးကျဲတာကို ကြားနေရဆဲပါ။ ဂါဇာမှာ လုံခြုံတဲ့ နေရာမရှိဘူး။” ဟု သူက ဆက်လက်ပြောကြားခဲ့ပါသည်။

Source: CNN

ဂါဇာတောင်ပိုင်းသို့ ထွက်ခွာနေသူများ

ဂါဇာတောင်ပိုင်းသို့ ထွက်ခွာနေသူများကို ဂြိုလ်တုဓာတ်ပုံမှတွေ့ရစဉ်/Maxar Technologies/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA)
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 18 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 29 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။ ယင်းမှာ ပြည်တွင်းမှ ကန့်ကွက်ဆန့်ကျင်မှုများကို အစ္စရေးနှင့်ဖြစ်ပွားခဲ့သော နွေရာသီစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်လာသည့် အစိုးရ၏
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 42 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏