ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၅/၆) နဲ့ (၃၂၅/၇) အကြားမှာ ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ် အချိန်လောက်မှာ ဟွန်ဒါ Civic အိမ်စီးကားတစီး လမ်းဘေးကတုံးတွေကို ဝင်တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/340902108_212079628113115_8716362173970036959_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340606723_1683703678714360_5499161128043561097_n.jpg)
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၁၁ နာရီ ၄၀ မိနစ် လောက်မှာတော့ ကားကို မီးငြိမ်းနိုင်လိုက်ကြောင်းနဲ့ အဲ့ဒီမီးလောင်မှုကြောင့် ကားထဲမှာ လိုက်ပါလာတဲ့ အမျိုးသား (၃) ဦး စလုံး သေဆုံးသွားကြောင်း သိရှိရပါတယ်။