မန္တလေးမြိုတွင် မော်တော်ယာဉ်အား ကြိုးဆွဲလက်ပစ်ဗုံးဖြင့် ပစ်ပေါက် ခံရမှု မေ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အောင်မြေသာစံမြိုနယ်၊ ၈၆ လမ်း၊ ၂၂ လမ်းထောင့်ရှိ မြိုနယ် သမဝါယမဦးစီးဌာနရုံးရှေ့ မှာ ရပ်ထားသည့် ဆူဇူကီး ပစ်ကပ် အမျိုးအစား အဖြူရောင်ယာဉ်ပေါ်ကို အမည်မသိ အမျိုးသား နှစ်ဦး က တရုတ် ကြိုးဆွဲ လက်ပစ်ဗုံးနဲ့ လက်ရောက်ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/05/photo_2023-05-10_14-26-42-3.jpg)
![](https://eraseye.com/wp-content/uploads/2023/05/photo_2023-05-10_14-26-42-2.jpg)
![](https://eraseye.com/wp-content/uploads/2023/05/photo_2023-05-10_14-26-42.jpg)
အဲဒီလို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့မှုကြောင့် ကား ကို ဗုံးစထိမှန်ခဲ့ပြီး ကားရှေ့မှန် ထိကွဲခြင်း၊ ကားတာယာ ဗုံးစထိမှန်ခြင်း တို့ ဖြစ်ပွားခဲ့ကာ ကားမှာ ပျက်စီးခဲ့ပြီး လူထိခိုက်မှု ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့သိရပါတယ်။
Era’sEyes | Photo – CRD