နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်​ကော်မြို့ အဝင် စစ်တပ်ယာဥ်တန်းကိုကရင်နီပူးပေါင်းတပ် တိုက်ခိုက်

လွိုင်ကော်မြို့အဝင်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိတယ်လို့​ဒေသခံ တွေဆီ ကသိရပါတယ်။

ဇူလိုင် (၁၁) ရက် မနက် ၇ နာရီအချိန်က  စစ်ကား ၁၅ စီးပါတဲ့ ယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်က လွိုင်ကော်-မိုးဗြဲ လမ်းမပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။

စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်မှု ဖြစ်စဥ်နှင့်ဆက်စပ်၍ သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားတာမတွေ့ရှိရသေးပါဘူး။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် နွားလဝိုး ရွာသား တစ်ဦးလက်နက်ကြီးကျည်ထိမှန်၍ အသက်ဆုံးရှုံး ခဲ့ပြီးကယန်းသာယာရွာမှပြည်သူ တစ်ဦးနှင့်  ကုန်းသာ ကျေးရွာ ရှိ ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဒါ့​ကြောင့် လွိုင်ကော် -လွိုင်လင်လေးဖက်နှင့် လွိုင်ကော် – ကယန်းသာယာ-မိုးဗြဲလမ်းကို ပြည်သူများ အသုံးမပြုသေးရန်နှင့် ဂရုစိုက်သွားလာရန် ကရင်နီတပ်ဖွဲ့ဝင်များကထုတ်ပြန်ထားပါတယ်။

ကရင်နီဒေသ၌ အထိနာနေသော စစ်ကောင်စီက ရှမ်း ပြည်နယ်အခြေစိုက်တပ်များဖြင့် စစ်သားအင်အားဖြည့်တင်းရန် အတွက်ပင်လောင်-ဖယ်ခုံ-မိုးဗြဲ မှတဆင့် လွိုင်ကော်ကို မကြာခဏ ပို့ဆောင်နေတာပဲဖြစ်ပါတယ်။

Era’sEye

(၂၀၂၃ခုနှစ်မေလ က လွိုင်ကော်-မိုးဗြဲ လမ်းမကြီး တစ်နေရာတွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ် က တိုက်ခိုက်ခဲ့စဥ် ။ဓာတ်ပုံ- ဖယ်ခုံ PDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေတာရှည်မြို့မှာ အင်အား (၁၀၀)ခန့်နဲ့ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ရေတာရှည်မြို့မှာ အင်အား (၁၀၀)ခန့်နဲ့ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ဒီဇင်ဘာလ (၁၄)ရက်။ ဒီဇင်ဘာလ (၁၂)ရက် နေ့လယ် (၃)နာရီခန့်က
မြန်မာသတင်း

စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ မနေ့က ကျွန်းလှမြို့နယ်ထဲ စစ်ကောင်စီနဲ့ ပျူစောထီး‌တွေ အထိုင်ချတပ်စွဲထားတဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၁၄၉)ဦးသေဆုံးပြီး (၈၉)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလထဲ တောင်ပိုင်းစစ်ဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၁၄၉)သေဆုံးခဲ့ပြီး (၈၉)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တလတာထဲ တောင်ပိုင်းစစ်ဒေသမှာ ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ (၃၈)ကြိမ်ထက်မနည်းအပြင်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ ANDF ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့သစ်တဖွဲ့ ဖွဲ့စည်းတဲ့ ရုပ်သံဖိုင်ထွက်ပေါ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ ရခိုင်မှာ Arakan National Defence Force(ANDF)ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့သစ်တဖွဲ့ ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာချက်တွေအရ သိရပါတယ်။ ရုပ်သံဖိုင်ထဲ ANDF အဖွဲ့ဝင်တစ်ဦးက “ ငါတို့ဟာ ရခိုင်ပြည်ကို ရောက်နေပြီ၊
1027 Operations မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တရုတ်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ မနက်ဖြန် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံးဆွေးနွေးဖို့ရှိနေတယ်လို့ ဒီကနေ့မှာ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဒီဇင်ဘာ (၁၅)မှာ MNDAA နဲ့ စကစကိုယ်စားလှယ်တွေ ကူမင်းမှာတွေ့မယ်လို့ သတင်းတွေထွက်နေတာ။ စကစဘက်က
မြန်မာသတင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတွေထဲ သမ္မတကစပြီး ထင်ရှားကျော်ကြားသူတွေပါဝင်တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ စီးပွားရေးတက္ကသိုလ်ဘွဲ့ရသူတွေထဲ သမ္မတကစပြီး ဝန်ကြီးတွေအပါအဝင် နိုင်ငံရဲ့ အဆင့်မြင့်တာဝန်အသီးသီးမှာ ထမ်းဆောင်နေသူတွေပါဝင်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀)ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ ထင်ရှားကျော်ကြားသူတွေအနေနဲ့ ပါဝင်နေတာကိုလဲ
မြန်မာသတင်း

တိုက်ပွဲကြောင့် ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ(၆)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ (၆)ရွာခန့်က ဒေသခံပြည်သူ‌တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “ မနေ့က နံနက်ပိုင်းကစပြီး ဝမ်ပေါင်ထဲကထွက်လာတဲ့ စကစတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာ။ အဲ့ဒီတိုက်ပွဲတွေကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း
မြန်မာသတင်း

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့ထဲ ဝင်/ထွက်သွားလာခွင့် CNDF တားမြစ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄)ရက်။ ချင်းပြည်နယ် ဖလမ်းမြို့ထဲ ဝင်/ထွက်သွားလာခွင့်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNF)က မနေ့က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖလမ်းမြို့မှာ ချင်းညီနောင်က (Operation CB)ချင်းညီနောင်စစ်ဆင်ရေးတိုက်ပွဲကို ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။ CNDF အနေနဲ့ လုံခြုံရေးနဲ့ စစ်ရေးအခြေအနေကြောင့်