နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်မြို့က ပျူစောထီးခေါင်းဆောင်တစ်ဦးနေအိမ် ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ နေအိမ် ဝင်ရောက်စီးနင်းခံရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပေါင်မြို့နယ်၊ ထန်းလေးရွာ ဗမာစုရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရွှေမြရဲ့ နေအိမ်မှာ လက်နက်များရှိကြောင်း သတင်းရရှိချက်အရ သထုံခရိုင်၊ အမှတ်(၂) KNLA/PDF ပူးပေါင်းတပ်ရင်းက UG ရဲဘော်များက ဇူလိုင်လ ၉ရက်နေ့ ညနေ ၅နာရီခန့်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် ရွှေမြရဲ့နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ရာ နေအိမ်အတွင်းမှ ရိုင်ဖယ်သေနတ် ၃လက်နဲ့ BA52 စတင်းဂန်း ၁လက်၊ ကျည်အိမ် ၆ခုနဲ့ ကျည်ဆံများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ဖော်ထုတ်စစ်ဆေးရာမှာ နောက်ထပ် ပျူစောထီးအဖွဲ့ဝင် ၂ဦးရဲ့ နေအိမ်မှ ရိုင်ဖယ် ၁လက်စီနဲ့ ကျည်အိမ် ၂ခု စုစုပေါင်း လက်နက် ၆လက်၊ ကျဉ်အိမ် ၈ခုနဲ့ ကျည် ၁၀၀တောင့်ခန့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

နေအိမ်များသို့ ဝင်ရောက်စီးနင်းရာမှာ ပျူစောထီးများဘက်က ပြန်လည်ခုခံခြင်းမပြုနိုင်ဘဲ အသာတကြည် လက်နက်ချခဲ့တာကြောင့် အသက်အန္တရာယ်တစုံတရာ အရေးယူမှုမပြုလုပ်ဘဲ သတိပေးပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့မှာ ဆရာတော်တပါး ပစ်ခတ်ခံရတာကို စစ်ကောင်စီက PDF ကိုထပ်စွပ်စွဲ

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 15 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၃)ရက်နေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က မြင်းခြံမြို့မှာ စခမကျေးရွာက ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်ခဲ့တာကို စစ်ကောင်စီက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ ဆို

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 4 Views
ဇွန်လ (၂၄) ရက်။ ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က မနေ့က သိမ်းပိုက်လိုက်နိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဆီ လက်နက်မရောင်းဖို့ ကုလသံအမတ် ဦးကျော်မိုးထွန်း တောင်းဆို

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကုလအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဆီ လက်နက်လွှဲပြောင်းရောင်းချတာ မပြုလုပ်ဖို့ ကုလသံအမတ် ဦးကျော်မိုးထွန်းက ဇွန်လ (၁၉)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ကုလညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ဆီ လက်နက်လွဲပြောင်းရောင်းချတာက မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်နဲ့ ကိုက်ညီတာမရှိဘဲ အရပ်သားတွေအပေါ် ကျူးလွန်တာတွေကို
မြန်မာသတင်း

၀င်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာကို သည်းခံ ခွင့်လွှတ် မေ့ပျောက်ဖို့ သီတဂူတိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 6 Views
ဇွန်လ (၂၃)ရက်။ ၀င်းနိမ္မိတာရုံဆရာတော် စစ်တပ်ရဲ့ပစ်ခတ်တာခံရပြီး ပျံလွန်တော်မူခဲ့တာကို သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ဖို့ သီတဂူဆရာတော်က မနေ့က ‌ကျောင်းတိုက်ကို ရောက်ရှိချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းပြည်ရဲ့ အခြေအနေအရ ညီညွတ်ဖို့ အရေးကြီးတဲ့အတွက် အစိုးရနဲ့
မြန်မာသတင်း အမေရိကန်

အမေရိကန်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုမိုအရေးယူဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 7 Views
ဇွန်လ (၂၃)ရက်။ အကြမ်းဖက်စစ်အုပ်စုကို အခုထက် ပိုမိုအရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ Mr. Robert S. Gilchrist နဲ့ မနေ့က တွေ့ဆုံခဲ့ချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံချိန်မှာ NUG
မြန်မာသတင်း

ကချင် အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA တပြိုင်ထဲတိုက်ခိုက်

  • 2024 ခုနှစ်၊ ဇွန်လ 22 ရက်
  • 13 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲခန့်ကစပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ အင်းတော်ကြီး-ဝှေခါကြားက စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA က တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။ “ မနက် (၄)နာရီခွဲကျော်လောက်ကစပြီး အင်းတော်ကြီး-ဝှေခါကြားက