နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ စစ်ရေးသတင်း မြန်မာသတင်း

ရက္ခိုင့်တပ်‌တော် (AA) စစ်ကောင်စီရဲ့ အရေးပါတဲ့ ပလက်ဝက “နှုးဘူးဗျူဟာ” ကို တိုက်ခိုက်သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

နောက်ထပ်အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ “နှုးဘူးဗျူဟာ” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်မှာ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနှုးဘူးဗျူဟာကို နိုဝင်ဘာလ (၁၄) ရက်၊ မနက် (၉) နာရီ (၂၅) မိနစ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ အခိုင်အမာ စခန်းချထားတဲ့ ဗျူဟာကုန်း (၂) ခု ဖြစ်တဲ့ “တရွန်အိုင်ဗျူဟာ” နဲ့ “နှုးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ကစပြီး ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ “တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်‌တော်ဘက်က ထိုးစစ်ကို တစ်ရက်မှရပ်နားခဲ့ခြင်းမရှိခဲ့ဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့ပေမယ့် ဗျူဟာကုန်းစခန်းကို မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီးနောက် ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“နှုးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းချို့နဲ့ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ စခန်းတွေကိုဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပေါက်တောမြိုတွင်းတိုက်ပွဲဟာလည်း အရင်ရက်တွေလိုပဲ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ဝန်းကျင်မှာ အမ်းမြိုနယ်အတွင်းရှိ စစ်ကောင်စီရဲ့ ကဇူးကိုင်း၊ “တောဟိန်းတောင်”ဗျူဟာကနေ အမ်းမြိုနယ်၊ တဲဖျားရွာအနီးနဲ့ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်မှာ အမ်းမြိုနယ်၊ ဒလက်ချောင်းအတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုမှ အမ်းမြိုနယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲဝင်တွေရှိရာကို လက်နက်ကြီးတွေအိမ်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့တဲ့ “နှုးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အာရက္ခ စစ်သည်တော်တွေနဲ့ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်တွေအားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့နေရာ ဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုလားတန်စီမံကိန်းထဲမှ ပလက်ဝ-ဇိုရမ်ပူကားလမ်း ပြန်လည်ဖောက်လုပ်နေမှုကို ၅ နှစ်အတွင်း အပြီးဆောင်ရွက်မယ်လို့ စစ်ကောင်းစီဘက်က ပြောထားပါတယ်။

အိန္ဒိယနိုင်ငံအတွက်လည်း အရေးကြီးတဲ့စီမံကိန်းတခုဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မြန်မာအစိုးရနဲ့ အိန္ဒိယ အစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်က တဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ဖြတ်ပြီး ရေလမ်း ကုန်းလမ်းကနေ ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 77 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို