နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

Russia

Russia နိုင်ငံတကာသတင်း ဥရောပ

တောင်းဆိုမှုတွေကြောင့် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဦးမယ်လို့ ပူတင်ထုတ်ပြန်ကြေညာ

++++++++++++++++++++

2024 သမ္မတသစ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပူတင်ဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုမှာ ဆက်လက်ဦးဆောင်နိုင်မယ့် သမ္မတအဖြစ် နောက်ရွေးကောက်ပွဲအသစ်မှာလည်း ပဉ္စမမြောက် သမ္မတသက်တမ်းကို ဆက်လုပ်ခွင့်ရဖို့ နီးစပ်နေပါတယ်။ ပုံမှန်အားဖြင့်တော့ သမ္မတရာထူးကို 8 နှစ် သာ ထမ်းဆောင်ခွင့်ရပေမယ့် အသက် 71 နှစ်အရွယ် ပူတင်ဟာ အခုလာမယ့်ရွေးကောက်ပွဲသစ်မှာ ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် ရုရှားသမ္မတရာထူးကို 24 နှစ်ကြာ ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံသမိုင်းမှာ ဂျိုးဇက်စတာလင်နောက်ပိုင်း သမ္မတရာထူးကို အရှည်ကြာဆုံး ဆက်ခံသူ ဖြစ်လာမှာပါ။ ပူတင်အနေနဲ့ အခုလို သမ္မတနေရာရွေးကောက်ပွဲကို ထပ်မံဝင်ပြိုင်ဖို့ ဖြစ်လာတာကတော့ အနည်းငယ်ထူးဆန်းပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာ ရုရှားပြည်သူ​တွေ မျိုးချစ်စိတ်ပိုမိုပြင်းထန်လာပြီး ပူတင်ကိုလည်း အားပေးထောက်ခံမှုများလာတာကြောင့်ဖြစ်တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြကြပါတယ်။ ပူတင်ဟာ စစ်မှုထမ်းတွေကို ဂုဏ်ပြုဆုပေးပွဲအခမ်းအနားမှာ သူ့ရဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ရုရှားသူရဲကောင်း ရွှေကြယ်ပွင့်ဆုကို ရရှိခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး အက်ယွန်ဇိုဂါက ပူတင်ကို သမ္မတအဖြစ်ဆက်လက်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပူတင်ကို သမ္မတရာထူး ဆက်လက်ထမ်းဆောင်ပေးဖို့ လူအများက တောင်းဆိုနေကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ ရုရှားရွေးကောက်ပွဲကို လာမယ့် မတ်လ 17 ရက်နေ့မှာ ကျင်းပဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှားဖက်ဒရေးရှင်ကောင်စီရဲ့ အထက်လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ ရုရှားအတိုက်အခံပါတီတွေကတော့ အဲဒီရွေးကောက်ပွဲဟာ ပူတင်ကို အကျင့်ပျက်အာဏာရှင်အဖြစ် အသွင်ကူးပြောင်းစေမယ့်ရွေးကောက်ပွဲ ဒါမဟုတ် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်မယ့် ရွေးကောက်ပွဲလို့ သုံးသပ်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 43 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 42 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက