နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချော်ချောင်းကျေးရွာမှာ ဒုတိယအကြိမ်အဖြစ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို သူ့ရဲ့ မွေးရာဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချော်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့၊ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာရဲ့ မိသား၀ုဝင် ဆွေမျိုးတွေနဲ့ ရဲဘော်ဟောင်းတွေ အပါအဝင် နိုင်ငံရေး အကျည်းသားဟောင်းတချို့က ဦးဆောင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားကို ချော်ချောင်းကျေးရွာမှာလုပ်ခဲ့တာ အခုဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း (၂၄) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ချော်ချောင်းမှာပဲ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ခုခေတ် ကလေးတွေကျတော့ ဗိုလ်ချုပ် ခိုင်ရာဇာကို သိပ်မသိကြတော့ဘူးဗျ။ နိုင်ငံရေးအသိစိတ်တွေ ပျောက်ဆုံးနေခဲ့တာ ဆိုတော့လေ။ အခု တော်တော်များများ သိလာကြပါပြီ။ အရင်ကဆို ပြောပိုင် ဆိုပိုင်ခွင့်တွေ မရှိဘူး။” ရခိုင့်တပ်တော်က အုပ်ချုပ်ရေးပိုင်းတွေ လုပ်လာတဲ့အခါမှာတော့ အခုလို ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားတွေ လုပ်လာနိုင်တာ။

ကိုယ့်ဇာတိရွာမှာ လုပ်လာနိုင်တော့ ကိုယ့်ရွာသား တစ်ယောက် အနေနဲ့ ဂုဏ်ယူတယ်ဗျာ။ ဒီလို လုပ်ပေးသောအားဖြင့် ကလေးတွေအနေနဲ့ နိုင်ငံရေးအသိစိတ်တွေ၊ ခံယူချက်တွေ ပိုရရှိလာမယ်လို့တော့ ထင်တယ်။ တကယ်တော့ ဗိုလ်ချုပ်ခိုင်ရာဇာဆိုတာ သမိုင်းမှာ မေ့ပျောက်ခံ လူသား တစ်ဦးမဟုတ်ပါဘူး။ ရခိုင်ပြည်အတွက် အသက်စွန့်လုပ်ဆောင်ခဲ့တာပါ ” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

အခုပြုလုပ်တဲ့ ၂၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာရဲ့ ရဲဘော်ဟောင်းများ အပါအဝင် ရပ်နီးရပ်ဝေးမှ ဒေသခံအများအပြား တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ” ဒီနှစ်က ပိုများတယ်ဗျ။ အရင်နှစ်က ပထမဦးဆုံးဆိုတော့ လူတွေ သိပ်မသိသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မများတာပဲရှိတာ။ လူ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်။ ခုက လူငါးရာအထက်မှာ ရှိလိမ့်မယ်။ သေချာတော့ စာရင်းမလုပ်ထားတော့ အတိအကျမသိဘူး ” လို့ ပွဲဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဟိုအရင်နှစ်တွေက ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားတွေကို နယ်စပ်ဒေသဘက်တွေမှာ လူမသိ သူမသိ ကျင်းပခဲ့ရတယ်လို့လည်း သိရပါတယ်။ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် တခြားသော အဖွဲ့အစည်းက ရဲဘော် အယောက် (၄၀) တို့ဟာ အိန္ဒိယစစ်တပ်ရဲ့ သဘောတူညီချက်အရ အန်ဒမန်ကျွန်းကို သွား ရောက်ခဲ့ကြပါတယ်။ သို့သော် သဘောတူညီချက်ကို အလွဲသုံးစားလုပ်ပြီး အယောက် (၄၀) စလုံးကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီ အယောက် (၄၀) ထဲ ဗိုလ်ချုပ်ခိုင်ရာဇာ အပါအ၀င် ရခိုင်ရဲဘော် (၂၇) ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ခိုင်ရာဇာအနေနဲ့ တိုက်ခိုက်ရေးစွမ်းရည် အလွန်တော်သူတစ်ဦးလို့ သိရပြီး ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများကို ညီညွတ်အောင် တည်ဆောက်နိုင်ခဲ့သူလို့လည်း သိရပါတယ်။ သူရဲ့ ဦးဆောင်မှု ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေကို စုစည်းနိုင်ခဲ့ပြီး နောင်မှာ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ဖွဲ့စည်းခဲ့သူလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) အနေနဲ့ သီးသန့်မရပ်တည်တော့ဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ ပူးပေါင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ