နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချော်ချောင်းကျေးရွာမှာ ဒုတိယအကြိမ်အဖြစ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို သူ့ရဲ့ မွေးရာဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချော်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့၊ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာရဲ့ မိသား၀ုဝင် ဆွေမျိုးတွေနဲ့ ရဲဘော်ဟောင်းတွေ အပါအဝင် နိုင်ငံရေး အကျည်းသားဟောင်းတချို့က ဦးဆောင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားကို ချော်ချောင်းကျေးရွာမှာလုပ်ခဲ့တာ အခုဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း (၂၄) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ချော်ချောင်းမှာပဲ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

”ခုခေတ် ကလေးတွေကျတော့ ဗိုလ်ချုပ် ခိုင်ရာဇာကို သိပ်မသိကြတော့ဘူးဗျ။ နိုင်ငံရေးအသိစိတ်တွေ ပျောက်ဆုံးနေခဲ့တာ ဆိုတော့လေ။ အခု တော်တော်များများ သိလာကြပါပြီ။ အရင်ကဆို ပြောပိုင် ဆိုပိုင်ခွင့်တွေ မရှိဘူး။” ရခိုင့်တပ်တော်က အုပ်ချုပ်ရေးပိုင်းတွေ လုပ်လာတဲ့အခါမှာတော့ အခုလို ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားတွေ လုပ်လာနိုင်တာ။

ကိုယ့်ဇာတိရွာမှာ လုပ်လာနိုင်တော့ ကိုယ့်ရွာသား တစ်ယောက် အနေနဲ့ ဂုဏ်ယူတယ်ဗျာ။ ဒီလို လုပ်ပေးသောအားဖြင့် ကလေးတွေအနေနဲ့ နိုင်ငံရေးအသိစိတ်တွေ၊ ခံယူချက်တွေ ပိုရရှိလာမယ်လို့တော့ ထင်တယ်။ တကယ်တော့ ဗိုလ်ချုပ်ခိုင်ရာဇာဆိုတာ သမိုင်းမှာ မေ့ပျောက်ခံ လူသား တစ်ဦးမဟုတ်ပါဘူး။ ရခိုင်ပြည်အတွက် အသက်စွန့်လုပ်ဆောင်ခဲ့တာပါ ” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

အခုပြုလုပ်တဲ့ ၂၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဗိုလ်ချုပ်ခိုင်ရာဇာရဲ့ ရဲဘော်ဟောင်းများ အပါအဝင် ရပ်နီးရပ်ဝေးမှ ဒေသခံအများအပြား တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ”ဒီနှစ်က ပိုများတယ်ဗျ။ အရင်နှစ်က ပထမဦးဆုံးဆိုတော့ လူတွေ သိပ်မသိသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မများတာပဲရှိတာ။ လူ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်။ ခုက လူငါးရာအထက်မှာ ရှိလိမ့်မယ်။ သေချာတော့ စာရင်းမလုပ်ထားတော့ အတိအကျမသိဘူး ” လို့ ပွဲဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဟိုအရင်နှစ်တွေက ဗိုလ်ချုပ်ခိုင်ရာဇာ အောက်မေ့ဖွယ်အခမ်းအနားတွေကို နယ်စပ်ဒေသဘက်တွေမှာ လူမသိ သူမသိ ကျင်းပခဲ့ရတယ်လို့လည်း သိရပါတယ်။ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် တခြားသော အဖွဲ့အစည်းက ရဲဘော် အယောက် (၄၀) တို့ဟာ အိန္ဒိယစစ်တပ်ရဲ့ သဘောတူညီချက်အရ အန်ဒမန်ကျွန်းကို သွား ရောက်ခဲ့ကြပါတယ်။ သို့သော် သဘောတူညီချက်ကို အလွဲသုံးစားလုပ်ပြီး အယောက် (၄၀) စလုံးကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီ အယောက် (၄၀) ထဲ ဗိုလ်ချုပ်ခိုင်ရာဇာ အပါအ၀င် ရခိုင်ရဲဘော် (၂၇) ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ခိုင်ရာဇာအနေနဲ့ တိုက်ခိုက်ရေးစွမ်းရည် အလွန်တော်သူတစ်ဦးလို့ သိရပြီး ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများကို ညီညွတ်အောင် တည်ဆောက်နိုင်ခဲ့သူလို့လည်း သိရပါတယ်။ သူရဲ့ ဦးဆောင်မှု ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေကို စုစည်းနိုင်ခဲ့ပြီး နောင်မှာ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ဖွဲ့စည်းခဲ့သူလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော် (NUPA/AA) အနေနဲ့ သီးသန့်မရပ်တည်တော့ဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ ပူးပေါင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို