နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံရကာ မောင်းပြေးခဲ့ရ


ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရလို့ မောင်းပြေးသွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စုနဲ့ မုပ္ပလင်ကျေးရွာအုပ်စုကြား ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၇စီးပါ ယာဉ်တန်းကို KRF နဲ့ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၁ရက်နေ့ နေ့လည် ၁၁နာရီ ၂၀မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အင်အား ၇စီးပါ ယာဉ်တန်းကို KRF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေ ၄၀မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာယာဉ်အား ထိမှန်ခဲ့ပြီး ထိမှန်ခဲ့သော စစ်ကောင်စီယာဉ်တန်းသည် ဆက်လက်မောင်းပြေးသွားခဲ့တယ်လို့ သိရပါတယ်။



ပစ်ခတ်ခံရတာကြောင့် မောင်းပြေးသွားတဲ့ ယာဉ်တန်းသည် လမ်းဘေးဝဲယာဘက်ရှိ လူနေအိမ်များဘက်သို့ လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦး လက်ပစ်ဗုံးထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုစစ်ကောင်စီယာဉ်တန်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အပါအဝင် KNU/KNLA၊ ABSDF နဲ့ တောကျီးကန်းစစ်ကြောင်းပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပန မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 2 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နေအိမ်ကနေ သုဿာန်သို့သွားတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို မန္တလေးမြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်ထုတ်ပြန်၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 2 Views
ဒေါက်တာဇော်မြင့်မောင်ဟာ အဖိုးတန်မိတ်ဘက်တစ်ဦးလို့ဆို အောက်တိုဘာလ (၈)ရက်။ NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ခေါင်းဆောင်က လျှပ်စစ်ရထားပြေးဆွဲဖို့ မဖြစ်မနေလုပ်မယ်လို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 3 Views
အောက်တိုဘာလ (၈)ရက်။ လျှပ်စစ်ရထားပြေးဆွဲဖို့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်မီးကို တရက် (၄)ကြိမ်နဲ့ အချိန်ပိုင်းကန့်သတ်ချက်နဲ့သာ လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ကို စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေတာပါ။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မဲတောင်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို AA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 3 Views
အောက်တိုဘာလ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၅၀)မိနစ်အချိန်မှာ အမ်းမြို့အခြေစိုက် နပခဌာနချုပ်အနီးက စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမ်းမြို့နယ်ထဲ လက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ မဲတောင်စခန်းတစ်ခုလုံးနဲ့
မြန်မာသတင်း

အမှတ်(၂)စစ်ဒေသနယ်မြေထဲ တလတာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 4 Views
အောက်တိုဘာလ (၇)ရက်။ စက်တင်ဘာလက အမှတ်(၂)စစ်ဒေသနယ်မြေထဲ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၂)စစ်ဒေသနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀)မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 5 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၄)နာရီ (၁၅)မိနစ်အချိန်မှာ မောင်တောမြို့၊ တောင်ပြိုကနေပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရပ်သား (၆)ဦးပါတဲ့ တေဘာကားတစ်စီးဟာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းနပခအနီးရှိ စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီး စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ အမ်းမြို့အခြေစိုက် နပခဌာနချုပ်အနီးရှိ စစ်ကောင်စီရဲ့ မဲတောင်ဗျုဟာကုန်းကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ (၅)ရက်မြောက်တဲ့ အောက်တိုဘာလ (၅)ရက်နေ့မှာ
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုမှသာ လွတ်ငြိမ်းခွင့်ပေးတာက စစ်မှန်တဲ့ သနားကြင်နာတာမဟုတ်ဘူးလို့ အီးယူထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 6 Views
အောက်တိုဘာလ (၇)ရက်။ ဒေါက်တာဇော်မြင့်မောင်ကို မကွယ်လွန်မီ နာရီပိုင်းအလိုမှာ စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်မှန်တဲ့ သနားကြင်နာတာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂသံရုံး(အီးယူ)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းတာတွေအပြီး စစ်အာဏာပိုင်တွေရဲ့ မမှန်ကန်တဲ့ နိုင်ငံရေးစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာခံရပြီး