နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ကံကြမ္မာကို ပြည်သူ့လက်၀ယ်ထံ ပြန်လည်လွှဲအပ်သည်အထိ ကြိုးပမ်းရမယ်လို့ KNU ဥက္ကဌပြော

စစ်အုပ်စု လုံးပါးသွားပြီး စစ်တပ်ရဲ့ကံကြမ္မာကို ပြည်သူလူထုရဲ့ လက်၀ယ်သို့ ပြန်လည်လွှဲအပ်ကာ ပြည်သူရဲ့လိုအင်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိ ကြိုးပမ်းရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူး၀င်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ (၁၂)ရက်မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်း အရုံး(KNU)ဥက္ကဌ ပဒိုစောကွယ်ထူး၀င်းက မိန့်ခွန်းမှာ အခုလို ထည့်‌သွင်းပြောဆိုခဲ့တာပါ။စစ်အုပ်စုအနေနဲ့ အဖက်ဖက်ကဖိအားတွေကို ခံစားနေရပြီး လူမျိုးကြီးဝါဒကို စွဲကိုင်အသုံးချကာ တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်တာကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လက်နက်ကြီးတွေ၊ အမြှောက်တွေအပြင် လေယာဉ်တွေနဲ့ပါ တိုက်ခိုက်နေပေမယ့် တိုင်းရင်းသားပြည်သူလူထုက အညံ့ခံခြင်း အလျဉ်းမရှိဘဲ နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတယ်လို့ ၎င်းက ပြောဆိုထားပါတယ်။

ကရင်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ဧကန်အမှန် တည်ဆောက်ကြပြီး အာဇာနည်တွေရဲ့ မျှော်လင့်ချက်ဖြင့် စွန့်လွှတ်ပေးဆပ်ခြင်းတွေရဲ့ အဓိပ္ပါယ်တွေ ပြီးမြောက်အောင်မြင်သည်အထိ အားထုတ်ကြဖို့ကို KNU ဥက္ကဌက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 26 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 24 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး
မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
ဇွန်လ (၁၄)ရက်။ NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပဋိပက္ခဖန်တီးသူတွေကို တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
ဇွန်လ (၁၄)ရက်။ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းပဋိပက္ခ ဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကော်သူးလေနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီကနေ့ဟာ
မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 26 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်ထဲ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရသူဟာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 21 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-ASHO အနေနဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)အနီး မီတာ
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 24 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို