နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းနိုင်ငံ ခရိုင်အုပ်ချုပ်ရေးမှူးက အဝေးပြေးလမ်းရဲအရာရှိကို သေနတ်နဲ့ ပစ်သတ်ခိုင်း

ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် ရဲချုပ် ဗိုလ်ချုပ်ဖြစ်သူ ဆူရာချိတ် ဟက်ပရမ်က သူ့အား ဝန်ကြီးချုပ် ဆာရက်သာသာဗင်ဆင်က “ရဲတွေကို သြဇာအာဏာရှိသူတွေထက် သာမန်ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ လိုလားတယ်” ဟု တနင်္ဂနွေနေ့ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဆိုသည်။


ရဲချုပ်သည် ဝန်ကြီးချုပ်၏ တရားဝင်အိမ်ဖြစ်သည့် ပစ်စန်နလွတ် (Phitsanulok) အိမ်တော်တွင် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးသည် ဒေသခံ အဝေးပြေးလမ်း စစ်ဆေးသူ ရဲအရာရှိအား အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက နခွန်ပက်သွန်ခရိုင်ရှိ အုပ်ချုပ်ရေးမှူးနေအိမ်၏ပါတီတွင် ဗုဒ္ဓဟူးနေ့ညက သေနတ်နှင့်ပစ်သတ်ခဲ့သည့် အမှုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးတွင် ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဆူရာချိတ်ကို ဝန်ကြီးချုပ်က သြဇာအာဏာရှိသူတွေကို ဂရုမစိုက်ရန် ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်က ဒေသတွင်းရှိ သြဇာရှိသူများနှင့် မာဖီးယားများကို နှိမ်နင်းရန်နှင့် သာမန်ပြည်သူများ၏ ယုံကြည်မှုကို ရရှိနိုင်အောင် လုပ်ဆောင်ပေးဖို့ ညွှန်ကြားခဲ့ကြောင်း၊ သို့မှသာ ပြည်သူများအနေနှင့် လုံခြုံဘေးကင်းမှုကို ခံစားရမည်ဟု ဆိုခဲ့သည်။ ရဲတွေအနေနှင့် သြဇာရှိသူများကို အားပေးရန်မလိုအပ်ကြောင်း ရဲတွေအနေနှင့် ပြည်သူ့ဖက်တွင်သာ ရပ်တည်ဖို့လိုကြောင်း ဝန်ကြီးချုပ်က သူအားပြောခဲ့သည်ဟု ရဲဗိုလ်ချုပ်ဆူရာချိတ်ကဆိုသည်။

ဗုဒ္ဓဟူးနေ့က သေနတ်ပစ်ခတ်မှုကိုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွင် နခွန်ပက်သွန်ရှိ ညစာစားပွဲတွင် တက်ရောက်သည့် ရဲအရာရှိများသည် လိမ်ညာထွက်ဆိုခဲ့ကြကြောင်း ဒုလက်ထောက်ရဲချုပ်က ဆိုသည်။ “အိုကေ မင်းတို့ လိမ်နိုင်တယ်။ ဒါပေမဲ့ ငါတို့မှာ စစ်ဆေးမှုတွေ စုံစမ်းမှုတွေ လုပ်ထားတယ်။ နောက်ပြီး ရှင်းလင်းတဲ့ သတင်းအချက်အလက်တွေလည်း ရရှိထားတယ်” ဟု ရဲချုပ် ဗိုလ်ချုပ်ဆူရာချိတ်က ဆိုသည်။ ရရှိထားသည့် အချက်အလက် အထောက်အထားများက

သက်သေခံခဲ့သမျှ ကျူးလွန်သူများသည် တရားဥပဒေအတိုင်း ရင်ဆိုင်ကြရမည် ဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။
သက်သေအထောက်အထားများတွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ အိမ်တွင်တပ်ဆင်ထားသည့် စီစီတီဗီမှ မှတ်တမ်း အထောက်အထားများလည်း ပါဝင်သည်။ အကျဉ်းသားထိမ်းသိမ်းရေးအရာရှိတယောက်က သက်သေအထောက်အထားကို ဖုံးကွယ်ရန် စီစီတီဗွီမှ တိတ်ခွေကို ရေထဲသို့ လွှင့်ပစ်ခဲ့သည်ဟု သတင်းပေးခဲ့သည်ဟု ရဲချုပ်ကဆိုသည်။ နခွန်ပက်သွန်ခရိုင်အုပ်ချုပ်ရေးမှူး အသက် ၃၅ နှစ်ရှိ ပရာဝီန်း ချန်ခလိုင် (Praween Chankhlai) ၏နေအိမ်ရှိ စီစီတီဗီ အထောက်အထားကို ရည်ညွှန်း ပြောဆိုခဲ့သည်။

တိတ်ခွေသည် ချောက်သွေ့လာပြီဖြစ်ပြီး အထဲတွင်ရှိသော ဒေတာများအားလုံးကို ၃-၄ရက်အတွင်း ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။ “ဒီအမှုမှာ တချို့ ရဲအရာရှိတွေကိုပါ ကျိန်းသေပေါက် အရေးယူသွားမှာ ဖြစ်တယ်” ဟု သူကဆိုသည်။ အုပ်ချုပ်ရေးမှူး ပရာဝီန်း ချန်ခလိုင် အိမ်သို့လာရောက်သည့် ရဲအရာရှိများကို အမျိုးအစား၃မျိုးခွဲခြားထားသည်။
ပထမအုပ်စုသည် သေနတ်ပစ်မှုဖြစ်ဖြစ်ခြင်း နေအိမ်မှ ထွက်ပြေးသွားကြသူများ ဖြစ်သည်။ ဒုတိယအုပ်စုတွင် သက်သေများကို ဖျက်ဆီးပြီး ပရာဝမ်အား မှုခင်းဖြစ်ပွားရာနေရာမှ ဝေးရာသို့ ခေါ်ဆောင်သွားသော အရာရှိများ ပါရှိသည်။ တတိယအုပ်စုသည် သေနတ်နှင့်အပစ်ခံရသော အဝေးပြေးလမ်း စစ်ဆေးသူ ရဲအရာရှိအား ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြသည်။
မျက်မြင်သက်သေများနှင့် သံသယရှိသူများကို စစ်ဆေးရာတွင် အားလုံးက ခရိုင်အုပ်ချုပ်ရေးမှူး ပရာဝီန်း ချန်ခလိုင်အား ပစ်သတ်ရန် အမိန့်ပေးသူအဖြစ် လက်ညှိုးထိုးခဲ့ကြသည်။
“အဲဒီ အဝေးပြေးလမ်းစစ်ဆေးသူရဲအရာရှိကို အဲ့ဒီရဲအရာရှိရဲ့အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူ့တူကို နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုတယ်လို့ သိရတယ်။ သူတောင်းဆိုတာကို ငြင်းပယ်လိုက်တော့ သူက အဲ့ဒီရဲအရာရှိကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်။ သူဟာ ဒေသခံရဲတွေနဲ့ အချိန်ကြာမြင့်စွာကတည်းက အလွန်နီးနီးကပ်ကပ် ရင်းနှီးစွာ ရှိနေခဲ့တယ်။ ဒါကြောင့် သူက သူ့ကိုယ်သူ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု လွန်ကဲစွာ ရှိနေခဲ့တယ်။ ဒီနေ့မှာ ဒါကို အဆုံးသတ် ဖျက်ပစ်ရတော့မယ်” ဟု ရဲချုပ်ဗိုလ်ချုပ် ဆူရာချိတ်က ဆိုသည်။ “ပရာဝီန်းချန်ခလိုင်က စွပ်စွဲမှုအားလုံးကို ဆက်လက် ငြင်းပယ်နေခဲ့တယ်။ ဒါပေမဲ့ သူမလွတ်မြောက်နိုင်ပါဘူး” ဟု နိုင်ငံတော်ရဲချုပ်က ဆိုသည်။
Source: Bangkok Post
ဓာတ်ပုံ။
နခွန်ပက်သွန်ခရိုင်အုပ်ချုပ်ရေးမှူး ပရာဝီန်း ချန်ခလိုင် (Praween Chankhlai) ကို ရဲစခန်းတွင် တွေ့ရစဉ်။
အယ်ဒီတာမှတ်ချက်။
အာဏာရှိလာတဲ့အခါ တရားဥပဒေထိမ်းသိမ်းရတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ခါးပိုက်ထဲ ထည့်လာနိုင်လာတဲ့အခါ လူတွေဟာ ကိုယ်ထင်တာ လုပ်လို့ရတယ်ဆိုတဲ့ ဘယ်သူ့ကိုမှ လူမထင်တဲ့စိတ် တရားဥပဒေဆိုတာ ငါလုပ်ချင်သလို လုပ်နိုင်တယ် ဖြစ်လာတာ အတော်ကြောက်စရာကောင်းတယ်။
မြန်မာပြည်မှာ စစ်ကောင်စီကလည်း တရားဥပဒေဆိုတာ သူတို့လုပ်ချင်သလို လုပ်နေသလို တော်လှန်ရေး အင်အားစုတွေမှာလည်း တရားဥပဒေဆိုတာ မကျင့်သုံးသလောက် ဖြစ်နေတာ အတော်စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို