နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး (PDF) တို့ရဲ့ ကနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀) ကျော်သေဆုံးခဲ့

တအာင်းတပ်မတော်(TNLA)နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းဆင်နွှဲတဲ့ “ ကနောင်စစ်ဆင်ရေး” မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY-PDF ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

တအာင်းတပ်မတော် (TNLA)နဲ့ MDY-PDF တို့ ပူးပေါင်းဆင်နွှဲတဲ့ ကနောင်စစ်ဆင်ရေးကို ဇူလိုင်လ (၁၅) ရက်နေ့က စတင်ခဲ့ကာ စက်တင်ဘာလ (၁၀) ရက်နေ့အထိ ကနဦးတိုက်ပွဲသတင်းအချက်အလက်တွေကို အစီရင်ခံဖော်ပြလာတာပါ။

ဇူလိုင်လ (၁၅) ရက်နေ့ ကနောင်စစ်ဆင်ရေးရဲ့ အဖွင့်အနေနဲ့ မတ္တရာမြို့ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်(၁၀၁၄)ကို နံနက် (၃)နာရီအချိန်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်ကြင်းမြိုင်တပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်စီနင်းခဲ့ကာ အင်အား (၁၀၀) ခန့်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း (၆) စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် မျက်မြင်သေဆုံးသူ (၁၉)ဦးနဲ့ ဒစ်ရာရရှိသူ အများအပြားရှိခဲ့ပြီး စစ်ကူလာတဲ့ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ MDY-PDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၁) ရက်နေ့က နောင်ချိုအနီးမှာ စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ဩဂုတ်လ (၁၁)နေ့မှာ ပူးပေါင်းတပ်တွေ ဆုတ်ခွာတဲ့လမ်းကြောင်းကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းက အင်အား (၅၀) ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူးအပါအဝင် (၁၀) ဦးခန့်သေဆုံးပြီး (၆) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ မီးကျည်ဖောက်ပြီး စစ်ကူတောင်းခဲ့ရတဲ့အထိ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ကလည်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ညနေ (၄)နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့က တပ်ဖွဲ့ဝင်တွေရှိရာကို ချဉ်းကပ်လာကာ ပိတ်ဆို့ဖို့ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၇)နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး အနီးဝန်းကျင်က ကလေးသူငယ်တွေကို လူသားဒိုင်းတွေသဖွယ် အသုံးပြု ဆုတ်ခွာသွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆)ဦးသေဆုံးသလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကာ အလောင်း (၁) လောင်းနဲ့ ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့မှာ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါ်ရှီ တောင်နီးကျေးရွာအနီးက တာဝါတိုင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ (၅)နာရီအကြာမှာ စစ်ကောင်စီဘက်က အထိနာပြီး အဲ့ဒီတာဝါတိုင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၃) ဦးသေဆုံးပြီး (၆)ဦးကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ လက်နက်ခဲယမ်းအများအပြားနဲ့ အလောင်း(၅)လောင်းကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တာဝါတိုင်ကုန်းသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာလည်း စစ်ကြောင်းထိုးစစ်ဆင်လာတာကြောင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း ဒုစစ်ကြောင်းမှူးအပါအဝင် (၃) ဦးသေဆုံးခဲ့ပြီး ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများရှိခဲ့ကာ အသေးစိတ်ကိုတော့ ဆက်လက်ထောက်လှမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

MDY-PDF ရဲ့ ကနောင်စစ်ဆင်ရေးမှာ ပြီးဆုံးခြင်းမရှိသေးဘဲ အခုချိန်ထိ တပ်မ(၉၉)၊ တပ်(၁၀၁)လက်အောက်ခံ (ခလရ-၂၅၂၊ ၂၅၇) နဲ့ စကခ (၁) လက်အောက်ခံ ခမရ(၅၀၂) တို့က အင်အား (၄၀၀) ဝန်းကျင်ခန့်နဲ့ ထိပ်တိုက်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ရေးသားထားပါတယ်။

MDY-PDF အနေနဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဉ်းတဲ့အထိ အရှိန်အဟုန်ပြင်းပြင်း ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

+2

All reactions:

4444

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 8 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စဉ့်ကူးမြို့ ဘက်အခြမ်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ စကစက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းအနောက်ခြမ်း နတ်အင်းရွာစာသင်ကျောင်းကို လေကြောင်းဗုံးကြဲသွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 40 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။