နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအကြားက ပြေးစရာမြေမရှိတဲ့ ပါလက်စတိုင်းပြည်သူများ

ဂါဇာကမ်းမြောင်ဒေသ၊ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့က အစ္စရေးကို အောက်တိုဘာလ (၇) ရက်နေ့ မနက်အစောပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ လေးစားမှုနဲ့ စိုးရိမ်မှုများ ရောပြွမ်းလာနေကြပါတယ်။


ဂါဇာကမ်းမြောင်ဒေသခံများက ဟားမတ်စ်တိုက်ခိုက်မှုကို ကြိုဆိုကြပြီး အစ္စရေးကို အောင်ပွဲအဖြစ် ရှုမြင်နေကြပေမယ့် အစ္စရေးရဲ့ အကြမ်းဖက်လက်တုံ့ပြန်မှုကို ဆက်လက်ကြောက်ရွံ့နေကြဆဲ ဖြစ်ပါတယ်။

အစ္စရေး မဟာဗျူဟာရေးရာ ဝန်ကြီး Ron Dermer က အစ္စရေးမှာ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာဖွယ်ရှိကြောင်း တနင်္ဂနွေနေ့က CNN ကို ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်အသုံးပြုတဲ့ လောင်ချာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ် ၈၀၀ ကို အစ္စရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဲ့ဒီနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

ကလေး ၇၈ ဦး အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၄၁၃ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိ အစ္စရေးနဲ့ ထိပ်တိုက်မှုများစွာ ကြုံတွေ့နေရတဲ့ ဂါဇာဒေသခံအများစုဟာ လေကြောင်းရန် ခိုလှုံတဲ့နေရာတွေကို အသုံးမပြုနိုင်ဘဲ သူတို့ရဲ့နေအိမ်တွေမှာသာ ပုန်းအောင်းနေကြရပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဧရိယာ စတုရန်းကီလိုမီတာ ၃၆၀ ခန့်မှာ လူ ၂ သန်းခန့် နေထိုင်နေကြပါတယ်။

ဂါဇာမှာ အပြင်မှာ ထွက်နေသူများဟာ မလုပ်မဖြစ် အလုပ်လုပ်ရန် လိုအပ်နေသူတွေ ဒါမှမဟုတ် အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေသူတွေသာ ဖြစ်ပါတယ်။ လမ်းတွေ ပျက်စီးနေပြီး အပျက်အစီးများ ဖုံးလွှမ်းနေကာ ဖုန်မှုန့်တွေနဲ့ ယမ်းနံ့တွေ လေထဲတွင် ပျံ့နေပါတယ်။

ဆာလင်ဟူစိန် (၅၅) နှစ်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူနေထိုင်တဲ့အဆောက်အအုံကို ပစ်မှတ်ထားခံရပြီးနောက် နေအိမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဆောက်အအုံကို မတိုက်ခိုက်ခင်လေးမှာ အစ္စရေးဘက်က သတိပေးချက်ရခဲ့တယ်လို့ ဆိုပါတယ်။

“ အဆောက်အအုံကို ဘာကြောင့် တိုက်ခိုက်ရတယ်ဆိုတာကို မသိဘူး” လို့ ဟူစိန် က ပြောပါတယ်။ လွန်ခဲ့တဲ့ ငါးလလောက်က သူ့မိသားစုနဲ့ ပြောင်းရွှေ့လာခဲ့ပြီး “ ငါတို့ယူသွားနိုင်တာဆိုလို့ ငါတို့ရဲ့အဝတ်အစားပဲရှိပါတယ်” လို့ ပြောပြီး ငါတို့မိသားစုဟာ အားလုံးဆုံးရှုံးသွားပြီး ဘယ်မှသွားစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဟားမတ်စ်တို့ ကျူးကျော်ပြီးနောက် ပါလက်စတိုင်းများတွေဟာ Erez စစ်ဆေးရေးဂိတ်ကနေ ဂါဇာကမ်းမြောင်ဘက်ကို ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ကြတော့ပါ။ Erez ဂိတ်ဟာ ဟားမတ်စ်နဲ့ အစ္စရေးတပ်များကြား စစ်မြေပြင်ဖြစ်လာနေလို့ပါ။
ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့မှုကို ဖြတ်တောက်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးတခုသာ ဖြတ်တောက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၈ ရက်နေ့က ရှင်းပြခဲ့ပါတယ်။ တစ်နေ့ကို ရှစ်နာရီ ပုံမှန်ရရှိသော လျှပ်စစ်ဓာတ်အားကို တစ်နေ့ ပျမ်းမျှ လေးနာရီအထိ လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ လျှပ်စစ်ဓာတ်အား အများစုကို အစ္စရေးက ထောက်ပံ့ပေးထားပါတယ်။ အင်တာနက်ချိတ်ဆက်မှုလည်း ပြတ်တောက်လာနေတယ်လို့ ဆိုပါတယ်။။

တကယ်တော့ ဂါဇာဟာ အခြားကမ္ဘာနဲ့ ၁၇ နှစ်နီးပါး လုံးဝနီးပါး ပြတ်လုနီးပါးဖြစ်ခဲ့ရတာပါ။

၂၀၀၇ ခုနှစ်ကစပြီး ဂါဇာဟာ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပြီး အီဂျစ်နဲ့ အစ္စရေးတို့က ဝိုင်းရံထားကာ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့ကိုလည်း ပိတ်ဆို့ထားပါတယ်။ Human Rights Watch က ဂါဇာကို “ ကမ္ဘာ့အကြီးဆုံး အမိုးအကာမရှိတဲ့ အကျဉ်းထောင်” အဖြစ် ဖော်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ်က ၂၀၀၅ ခုနှစ်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ပြီးကတည်းက အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းအဖွဲ့များဖြစ်ကြတဲ့ ဟားမတ်စ်နဲ့ အစ္စလမ္မစ်ဂျီဟတ်အဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်နေကြတာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တို့ အသုံးပြုတယ်လို့ ယူဆရတဲ့ အထပ်မြင့်အဆောက်အအုံ ၁၀ လုံး ဖျက်ဆီးခံခဲ့ရပြီး အစ္စရေးစစ်သား ထောင်ပေါင်းများစွာလည်း ဂါဇာမှာ လှုပ်ရှားနေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၈ ရက်နေ့မှာ ကြေညာခဲ့ပြီး အရပ်သားများနဲ့ အစ္စရေးနယ်စပ်အနီးရှိ လူနေရပ်ကွက်တွေကို ချက်ချင်း ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂါဇာကမ်းမြောင်ဒေသခံတွေ လွတ်မြောက်ဖို့ နည်းလမ်း မရှိသလောက် ဖြစ်နေပါတယ်။ အီဂျစ်နိုင်ငံကို သွားနိုင်တဲ့ လုံခြုံရေး မြင့်မားတဲ့ Rafah စစ်ဆေးရေးဂိတ်ကလွဲပြီး ကျန်စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ထားလို့ပါပဲ။

ဂါဇာမှာ နေထိုင်တဲ့ အသက် ၇၅ နှစ်ရှိ ဟာနီက သူတို့ မိသားစုလေးဦး လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့တဲ့အတွက် တစ်ညလုံး အိပ်မပျော်ကြောင်း ပြောခဲ့ပါတယ်။ ညဘက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကပ်လျက်အထပ်မြင့် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး ဟာနီတို့ရဲ့ အဆောက်အအုံပေါ်ကို ပြိုကျလို့ ဟာနီတို့ မိသားစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ ဟာနီက ဆိုပါတယ်။ သူက အခု လမ်းပေါ်မှာ နေထိုင်နေပြီး သူ့ဇနီးကတော့ သူငယ်ချင်းအိမ်မှာ ခိုလှုံနေပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ နေအိမ်တွေကို အချိန်မရွေး ဗုံးကြဲခံရနိုင်တဲ့ အခြေအနေကို ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ဟာနီက ပြောကြားခဲ့ပါတယ်။ “ ကျုပ်ကလေးတွေနဲ့ အတူတူနေဖို့ အိမ်လေးပဲ လိုချင်တယ်။ ခိုကိုးရာပဲ လိုချင်တယ်။” လို့ သူကပြောပါတယ်။

ဒါပေမဲ့ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမတ်စ်တွေအတွက် နောင်တရစရာမရှိဘူးလို့ သူက ပြောကြားခဲ့ပါတယ်။ “သူတို့ (အစ္စရေး) က ငါတို့ကို အမြဲတမ်း တိုက်ခိုက်နေတာပဲ” လို့ သူက ပြောခဲ့ပါတယ်။

Source: CNN /Photo: Ibrahim Dahman/CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 46 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 46 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 53 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 64 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 64 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 60 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 45 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ဆုတ်ခွာပြီးနောက် ဒွန်ဘတ်စ်ဒေသ အချို့နေရာများတွင် “လွတ်လပ်သော စီးပွားရေးဇုန်” ဖန်တီးရန် အမေရိကန်က အဆိုပြု ဇီလန်စကီး ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 62 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ကြာသပတေးနေ့တွင် ပြောကြားသည်မှာ၊ ယူကရိန်း သည် ရုရှား နှင့် ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအရ ဆုတ်ခွာပေးရမည့် အရှေ့ဘက် ဒွန်ဘတ်စ်ဒေသ၏