နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

1027 Operations

1027 Operations စစ်ရေးသတင်း မြန်မာသတင်း

နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ ဖြစ်ပေါ်နိုင်ကာ အရေးပေါ်အကူအညီတွေ ပံ့ပိုးနိုင်ရေး ကြိုးပမ်းသွားမယ်လို့ NUG ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောင်ပွဲတွေ ရနေသလို KIA နဲ့ PDF တို့ရဲ့ စွမ်းဆောင်မှုနဲ့ ပထမဆုံး ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တော်လှန်ရေးတွေမှာ သမိုင်းမှတ်ကျောက် ရေးထိုးနိုင်မယ့် အလားအလာကောင်းတွေနဲ့ ရှေ့သို့ ဆက်လက်ချီတက်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရှိန်တိုးမြှင့်လာတာနဲ့အမျှ တိုးပွားလာတဲ့ စစ်ဘေးသင့်ပြည်သူဦးရေဟာ အခုအချိန်မှာ နှစ်သန်းကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို အရေးပေါ်အခြေအနေမှာ NUG ၀န်ကြီးဌာနတွေနဲ့ ဖက်ဒရယ်အစုအဖွဲ့တွေ၊ အတိုင်ပင်ခံကောင်စီတွေ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ အရေးပေါ်‌အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး‌ကော်မတီဖွဲ့စည်းကာ အရပ်သားတွေ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေ‌တယ်လို့ NUG က ပြောပါတယ်။

ကော်မတီအနေနဲ့ ဒေသတစ်ခုကို မသိမ်းမီ၊ သိမ်းနေချိန်နဲ့ သိမ်းပြီးနောက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ မြေပြင်တပ်ဖွဲ့တွေကို လိုအပ်တဲ့ ပံ့ပိုးမှုတွေ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့အတါက် မိတ်ဖက်နိုင်ငံတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့တွေ အရပ်ဖက်အဖွဲ့တွေနဲ့ ပုဂ္ဂလိကစေတနာရှင်တွေက ပူးပေါင်းပံ့ပိုးဆောင်ရွက်ကြဖို့ NUG ရဲ့ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 12 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ်
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 12 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့