နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် ဥရောပ

အမေရိကန်လေတပ်မှ တတိယမြောက် တရုတ်ထောက်လှမ်း ရေး မိုးပျံပူဖောင်းကို ကနေဒါတွင် ပစ်ချလိုက်ခြင်း

ကနေဒါနိုင်ငံ မြောက်ပိုင်းတွင် အမည်မသိ အရာဝတ္ထုတစ်ခုကို စနေနေ့က ပစ်ချခံခဲ့ရပြီး သီတင်းပတ်အတွင်း အမေရိကန် တိုက်လေယာဉ်များက မြောက်အမေရိက ဝေဟင်ပိုင်နက်အတွင်းမှ အမည်မသိ အရာဝတ္ထုများကို ပစ်ချခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့တွင် အမေရိကန် F-22 မှ Alaska လေပိုင်နက်အတွင်း အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းအား F-22 မှ ပစ်ချခဲ့သည်။

ယခုအချိန်တွင် အမည်မသိ အရာဝတ္ထုများသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ရေး မိုးပျံပူဖောင်းနှင့် ဆက်စပ်မှုရှိကြောင်း အရိပ်အယောင် မရှိသော်လည်း အမေရိကတိုက်ကြီး တစ်ဝန်းရှိ အမျိုးသားလုံခြုံရေး အရာရှိများက အထူးသတိထားနေကြပုံရသည်။ ရှင်းလင်းချက် မထုတ်ပြန်မီတွင် ဂျက်လေယာဉ်တစ်စင်းအား ရေဒါတစ်ခုမှ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီးနောက် စနေနေ့ညနေပိုင်းတွင် မွန်တာနာတွင် လေကြောင်းပိုင်နက်ကို ခေတ္တပိတ်ထားခဲ့သည်။

ကျွန်ုပ်တို့ ယခုအချိန်အထိ သိထားသောအကြောင်းအရာမှာ ကနေဒါ လေပိုင်နက်အတွင်း ပစ်ချခံခဲ့ရသည့် အမည်မသိ အရာဝတ္ထုကို သောကြာနေ့ ညနေကတည်းက ခြေရာခံခဲ့ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါ (Patrick Ryder) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအရာအား မြောက်အမေရိက အာကာသကာကွယ်ရေးဌာနချုပ် (North American Aerospace Defence Command (NORAD)) မှ တွေ့ရှိခဲ့ပြီး Alaska၊ Joint Base Elemendorf-Richardson လေတပ်စခန်း မှ F-22 တိုက်လေယာဉ်နှစ်စင်းအား အာလာစကာ အမျိုးသားလေကြောင်းကာကွယ်ရေးတပ် (Alaska Air National Guard) ၏ အကူအညီဖြင့် စောင့်ကြည့်ရန် စေလွှတ်ခဲ့သည်။

အဆိုပါ အရာဝတ္ထုသည် ယခင်က ပစ်ချခံခဲ့ရသည့် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းထက် သေးငယ်သည့် ဆလင်ဒါပုံ အရာဝတ္ထုတစ်ခု ဖြစ်ပုံရကြောင်း ကနေဒါ ကာကွယ်ရေးဝန်ကြီး အန်နီတာအနန် (Anita Anand) က စနေနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကနေဒါနိုင်ငံတွင်းကို ယင်းအရာဝတ္တု ဝင်ရောက်လာတာကို ကနေဒီယန် လေယဉ်အမျိုးအစား CF-18 နဲ့ CP-140 ပူးတွဲလေယဉ်နှစ်စင်းနဲ့ ဒီအရာဝတ္တုကို စောင့်ကြည့်ခဲ့ကြတယ်” ဟု ရိုက်ဒါကပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုတို့ နှစ်ဦးစလုံးသည် စနေနေ့က ပစ်ချမှုကို အတည် ပြုခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

“သမ္မတဘိုင်ဒင်က စစ်ဆင်ရေး လုပ်ဆောင်ဖို့ NORAD မှာ တာဝန်ပေးအပ်ထားတဲ့ အမေရိကန် တိုက်လေယာဉ်တွေကို တရားဝင် ခွင့်ပြုထားပြီး ကနေဒါပိုင်နက်ထဲမှာ US F-22 တစ်စီးကို ကနေဒါအာဏာပိုင်တွေနဲ့ အနီးကပ်ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်များသည် အရာဝတ္ထုကို လက်ဝယ်ရယူခြင်း၏ အရေးကြီးပုံကို ၎င်း၏ရည်ရွယ်ချက် သို့မဟုတ် မူလအစကို အသေးစိတ် သိရှိရန်အတွက် ဆွေးနွေးခဲ့ကြသည်။ သောကြာနေ့က အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့သည့် အမေရိကန် F-22 မှ AIM-9X ဒုံးကျည်ဖြင့် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကို ဖေဖော်ဝါရီ ၄ ရက်က ပစ်ချခဲ့ခြင်းဖြစ်သည်။

“ဒီအရာဝတ္ထုဟာ အမြင့်ပေ ၄၀၀၀၀ (လေးသောင်း) ခန့်မှာ ပျံသန်းနေပြီး ကနေဒါလေပိုင်နက်ထဲကို ဥပဒေမဲ့ ဝင်ရောက်ခဲ့ပြီး အရပ်သားများ သယ်ယူပို့ဆောင်နေသော လေယာဉ်ပျံသန်းမှုများရဲ့ ဘေးအန္တရာယ်ကင်းရေးကို ခြိမ်းခြောက်ခဲ့ပါတယ်။ ယူကွန် အလယ်ပိုင်း ကနေဒါပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကနေဒါ-အမေရိကန်နယ်စပ်ကနေ မိုင် ၁၀၀ လောက်အကွာမှာ ပစ်ချခံခဲ့ရတာပါ” ဟု သူမက ဆိုသည်။

ရိုက်ဒါ၏ ထုတ်ပြန်ချက်တွင် ကနေဒါ အာဏာပိုင်များသည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေချိန်တွင် အမေရိကန်ဗဟိုအစိုးရထောက်လှမ်းရေး FBI သည် “ တော်ဝင်ကနေဒီယန် ပုလိပ် အဖွဲ့အစည်း (Canadian Mounted Police) ” နှင့် နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပစ်ချမှုသည် တစ်ပတ်အတွင်း အမေရိကန်လေယာဉ်က တတိယမြောက် ပစ်ချခဲ့မှုဖြစ်သည်။ စနေနေ့က အမည်မသိ အရာဝတ္ထုတစ်ခုကို ဖယ်ရှားပစ်ချလိုက်ခြင်းသည် တစ်ပတ်အတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်သည်။

ကြာသပတေးနေ့ ညနေပိုင်းကတည်းက အမေရိကန်က စောင့်ကြည့်နေပြီးနောက် သောကြာနေ့က အလာစကာလေပိုင်နက်တွင် အမေရိကန် F-22 တိုက်လေယဉ်တစ်စီးက အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့ပါတယ်။ လေယာဉ်မှူးများသည် အရာဝတ္တုအနီးသို့ ရောက်လာပြီးနောက် ၎င်းတို့ သတိပြုမိသည့် မြင်တွေ့မှု မှတ်တမ်းများသည် မတူညီသော မှတ်ချက်များကို ပေးခဲ့ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

အချို့လေယာဉ်မှူးများက ၎င်းအမည်မသိ အရာဝတ္တုသည် “ ၎င်းတို့၏လေယဉ်၏ အာရုံခံကိရိယာများကို အနှောင့်အယှက်ပေးသည်” ဟုဆိုသော်လည်း အခြား လေယာဉ်မှူးများက ယင်းကို မခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အရာဝတ္ထုသည် အမြင့်ပေ ၄၀၀၀၀ တွင် ပျံသန်းနေသောကြောင့် အရပ်သားခရီးသည်တင် လေယဉ်များသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်သည်။

တရုတ်မိုးပျံပူဖောင်းသည် အမေရိကန်ကိုဖြတ်ပြီး တောင်ကယ်ရိုလိုင်းနားကမ်းခြေတွင် ပြီးခဲ့သည့် စနေနေ့က ပစ်ချခံခဲ့ရ ပါသည်။ ဘိုင်ဒင် အုပ်ချုပ်ရေး အရာရှိများက ၎င်းသည် ထောက်လှမ်းရေးသတင်း စုဆောင်းမှုနှင့် စစ်ရေးဆိုင်ရာ အန္တရာယ် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ သို့သော်လည်း ပစ်ချခံရပါက မြေပြင်ပေါ်ရှိ လူများနှင့် ပစ္စည်းများကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားရာတွင် ၎င်းမိုးပျံပူဖောင်းသည် အမြင့်ပေ ၂၀၀ ခန့်ရှိပြီး အလေးချိန် ပေါင်နှစ်ထောင်ကျော်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် သမုဒ္ဒရာကြမ်းပြင်ရှိ မိုးပျံပူဖောင်းမှ အပျက်အစီးများကို ဆယ်ယူရန် လုပ်ဆောင်နေဆဲဖြစ်သည်။ ရိုက်ဒါက “ဒီပူဖောင်းနဲ့ သူ့ရဲ့ ထောက်လှမ်း နိုင်စွမ်းကို ကျွန်တော်တို့က နောက်ထပ် သိရှိနားလည်လာရန်အတွက် အထောက် အကူဖြစ်စေမယ့် အပျက်အစီး အမြောက် အမြားကို အခုထိ ရှာဖွေတွေ့ရှိ ထားတယ်လို့ ဗိုလ်ချုပ် ရိုက်ဒါ က သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် CNNသတင်းထောက် Haley Britzky ရေးသားသည့် “ Here is what we know about the unidentified objects shot down over North America” သတင်းကို ခေတ်မျက်လုံး (Era’s Eyes) မှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 15 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ
နိုင်ငံတကာသတင်း အမေရိကန်

အစိုးရရပ်ဆိုင်းထားရမှုကျော်လွန်ပြီးနောက်ထရန့်အစိုးရရင်ဆိုင်ရမည့်အကြပ်အတည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 31 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက် အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းအတွက် ပြည့်စုံသော အစားထိုးမှု သို့မဟုတ် ဖြေရှင်းချက်ကို ပေးနိုင်ရန် ထပ်တလဲလဲ ပျက်ကွက်နေမှု အတွက် သမ္မတဟောင်း ထရမ့်ကို ဝေဖန်ထားသည်။ တိုးမြှင့်ထားသော ACA အထောက်အပံ့များ၏ လက်ရှိ
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အမတ်များ သဘောတူညီမှု အောင်မြင်ပြီးနောက် အစိုးရ ပြန်လည်ဖွင့်လှစ်ရန် လမ်းပွင့်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၁၀ရက် ဒီမိုကရက်အလယ်အလတ်သမားများနှင့်အစိုးရရပ်ဆိုင်းထားမှု (shutdown)ကို အဆုံးသတ်ရန် အဓိက သဘောတူညီချက်ရရှိ ဆီးနိတ်မှ အဓိက ဒီမိုကရက်ပါတီ၏ အလယ်အလတ်သမား ရှစ်ဦးပါဝင်သည့် အုပ်စုသည် တနင်္ဂနွေနေ့တွင် အစိုးရအား ပြန်လည်ဖွင့်လှစ်ရန်အတွက် ရန်ပုံငွေဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန် (Poseidon) ရေအောက် တော်ပီဒို တီထွင်သူများကို နိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့သည်။ ၎င်းသည်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 49 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။ ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 46 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
CNN – နိုဝင်ဘာ ၇၊ ၂၀၂၅ တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန်