နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် ဥရောပ

အမေရိကန်လေတပ်မှ တတိယမြောက် တရုတ်ထောက်လှမ်း ရေး မိုးပျံပူဖောင်းကို ကနေဒါတွင် ပစ်ချလိုက်ခြင်း

ကနေဒါနိုင်ငံ မြောက်ပိုင်းတွင် အမည်မသိ အရာဝတ္ထုတစ်ခုကို စနေနေ့က ပစ်ချခံခဲ့ရပြီး သီတင်းပတ်အတွင်း အမေရိကန် တိုက်လေယာဉ်များက မြောက်အမေရိက ဝေဟင်ပိုင်နက်အတွင်းမှ အမည်မသိ အရာဝတ္ထုများကို ပစ်ချခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့တွင် အမေရိကန် F-22 မှ Alaska လေပိုင်နက်အတွင်း အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းအား F-22 မှ ပစ်ချခဲ့သည်။

ယခုအချိန်တွင် အမည်မသိ အရာဝတ္ထုများသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ရေး မိုးပျံပူဖောင်းနှင့် ဆက်စပ်မှုရှိကြောင်း အရိပ်အယောင် မရှိသော်လည်း အမေရိကတိုက်ကြီး တစ်ဝန်းရှိ အမျိုးသားလုံခြုံရေး အရာရှိများက အထူးသတိထားနေကြပုံရသည်။ ရှင်းလင်းချက် မထုတ်ပြန်မီတွင် ဂျက်လေယာဉ်တစ်စင်းအား ရေဒါတစ်ခုမှ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီးနောက် စနေနေ့ညနေပိုင်းတွင် မွန်တာနာတွင် လေကြောင်းပိုင်နက်ကို ခေတ္တပိတ်ထားခဲ့သည်။

ကျွန်ုပ်တို့ ယခုအချိန်အထိ သိထားသောအကြောင်းအရာမှာ ကနေဒါ လေပိုင်နက်အတွင်း ပစ်ချခံခဲ့ရသည့် အမည်မသိ အရာဝတ္ထုကို သောကြာနေ့ ညနေကတည်းက ခြေရာခံခဲ့ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါ (Patrick Ryder) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအရာအား မြောက်အမေရိက အာကာသကာကွယ်ရေးဌာနချုပ် (North American Aerospace Defence Command (NORAD)) မှ တွေ့ရှိခဲ့ပြီး Alaska၊ Joint Base Elemendorf-Richardson လေတပ်စခန်း မှ F-22 တိုက်လေယာဉ်နှစ်စင်းအား အာလာစကာ အမျိုးသားလေကြောင်းကာကွယ်ရေးတပ် (Alaska Air National Guard) ၏ အကူအညီဖြင့် စောင့်ကြည့်ရန် စေလွှတ်ခဲ့သည်။

အဆိုပါ အရာဝတ္ထုသည် ယခင်က ပစ်ချခံခဲ့ရသည့် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းထက် သေးငယ်သည့် ဆလင်ဒါပုံ အရာဝတ္ထုတစ်ခု ဖြစ်ပုံရကြောင်း ကနေဒါ ကာကွယ်ရေးဝန်ကြီး အန်နီတာအနန် (Anita Anand) က စနေနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကနေဒါနိုင်ငံတွင်းကို ယင်းအရာဝတ္တု ဝင်ရောက်လာတာကို ကနေဒီယန် လေယဉ်အမျိုးအစား CF-18 နဲ့ CP-140 ပူးတွဲလေယဉ်နှစ်စင်းနဲ့ ဒီအရာဝတ္တုကို စောင့်ကြည့်ခဲ့ကြတယ်” ဟု ရိုက်ဒါကပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုတို့ နှစ်ဦးစလုံးသည် စနေနေ့က ပစ်ချမှုကို အတည် ပြုခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

“သမ္မတဘိုင်ဒင်က စစ်ဆင်ရေး လုပ်ဆောင်ဖို့ NORAD မှာ တာဝန်ပေးအပ်ထားတဲ့ အမေရိကန် တိုက်လေယာဉ်တွေကို တရားဝင် ခွင့်ပြုထားပြီး ကနေဒါပိုင်နက်ထဲမှာ US F-22 တစ်စီးကို ကနေဒါအာဏာပိုင်တွေနဲ့ အနီးကပ်ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်များသည် အရာဝတ္ထုကို လက်ဝယ်ရယူခြင်း၏ အရေးကြီးပုံကို ၎င်း၏ရည်ရွယ်ချက် သို့မဟုတ် မူလအစကို အသေးစိတ် သိရှိရန်အတွက် ဆွေးနွေးခဲ့ကြသည်။ သောကြာနေ့က အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့သည့် အမေရိကန် F-22 မှ AIM-9X ဒုံးကျည်ဖြင့် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကို ဖေဖော်ဝါရီ ၄ ရက်က ပစ်ချခဲ့ခြင်းဖြစ်သည်။

“ဒီအရာဝတ္ထုဟာ အမြင့်ပေ ၄၀၀၀၀ (လေးသောင်း) ခန့်မှာ ပျံသန်းနေပြီး ကနေဒါလေပိုင်နက်ထဲကို ဥပဒေမဲ့ ဝင်ရောက်ခဲ့ပြီး အရပ်သားများ သယ်ယူပို့ဆောင်နေသော လေယာဉ်ပျံသန်းမှုများရဲ့ ဘေးအန္တရာယ်ကင်းရေးကို ခြိမ်းခြောက်ခဲ့ပါတယ်။ ယူကွန် အလယ်ပိုင်း ကနေဒါပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကနေဒါ-အမေရိကန်နယ်စပ်ကနေ မိုင် ၁၀၀ လောက်အကွာမှာ ပစ်ချခံခဲ့ရတာပါ” ဟု သူမက ဆိုသည်။

ရိုက်ဒါ၏ ထုတ်ပြန်ချက်တွင် ကနေဒါ အာဏာပိုင်များသည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေချိန်တွင် အမေရိကန်ဗဟိုအစိုးရထောက်လှမ်းရေး FBI သည် “ တော်ဝင်ကနေဒီယန် ပုလိပ် အဖွဲ့အစည်း (Canadian Mounted Police) ” နှင့် နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပစ်ချမှုသည် တစ်ပတ်အတွင်း အမေရိကန်လေယာဉ်က တတိယမြောက် ပစ်ချခဲ့မှုဖြစ်သည်။ စနေနေ့က အမည်မသိ အရာဝတ္ထုတစ်ခုကို ဖယ်ရှားပစ်ချလိုက်ခြင်းသည် တစ်ပတ်အတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်သည်။

ကြာသပတေးနေ့ ညနေပိုင်းကတည်းက အမေရိကန်က စောင့်ကြည့်နေပြီးနောက် သောကြာနေ့က အလာစကာလေပိုင်နက်တွင် အမေရိကန် F-22 တိုက်လေယဉ်တစ်စီးက အမည်မသိ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့ပါတယ်။ လေယာဉ်မှူးများသည် အရာဝတ္တုအနီးသို့ ရောက်လာပြီးနောက် ၎င်းတို့ သတိပြုမိသည့် မြင်တွေ့မှု မှတ်တမ်းများသည် မတူညီသော မှတ်ချက်များကို ပေးခဲ့ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

အချို့လေယာဉ်မှူးများက ၎င်းအမည်မသိ အရာဝတ္တုသည် “ ၎င်းတို့၏လေယဉ်၏ အာရုံခံကိရိယာများကို အနှောင့်အယှက်ပေးသည်” ဟုဆိုသော်လည်း အခြား လေယာဉ်မှူးများက ယင်းကို မခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အရာဝတ္ထုသည် အမြင့်ပေ ၄၀၀၀၀ တွင် ပျံသန်းနေသောကြောင့် အရပ်သားခရီးသည်တင် လေယဉ်များသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်သည်။

တရုတ်မိုးပျံပူဖောင်းသည် အမေရိကန်ကိုဖြတ်ပြီး တောင်ကယ်ရိုလိုင်းနားကမ်းခြေတွင် ပြီးခဲ့သည့် စနေနေ့က ပစ်ချခံခဲ့ရ ပါသည်။ ဘိုင်ဒင် အုပ်ချုပ်ရေး အရာရှိများက ၎င်းသည် ထောက်လှမ်းရေးသတင်း စုဆောင်းမှုနှင့် စစ်ရေးဆိုင်ရာ အန္တရာယ် အနည်းငယ်သာရှိသည်ဟု ဆိုသည်။ သို့သော်လည်း ပစ်ချခံရပါက မြေပြင်ပေါ်ရှိ လူများနှင့် ပစ္စည်းများကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားရာတွင် ၎င်းမိုးပျံပူဖောင်းသည် အမြင့်ပေ ၂၀၀ ခန့်ရှိပြီး အလေးချိန် ပေါင်နှစ်ထောင်ကျော်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် သမုဒ္ဒရာကြမ်းပြင်ရှိ မိုးပျံပူဖောင်းမှ အပျက်အစီးများကို ဆယ်ယူရန် လုပ်ဆောင်နေဆဲဖြစ်သည်။ ရိုက်ဒါက “ဒီပူဖောင်းနဲ့ သူ့ရဲ့ ထောက်လှမ်း နိုင်စွမ်းကို ကျွန်တော်တို့က နောက်ထပ် သိရှိနားလည်လာရန်အတွက် အထောက် အကူဖြစ်စေမယ့် အပျက်အစီး အမြောက် အမြားကို အခုထိ ရှာဖွေတွေ့ရှိ ထားတယ်လို့ ဗိုလ်ချုပ် ရိုက်ဒါ က သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် CNNသတင်းထောက် Haley Britzky ရေးသားသည့် “ Here is what we know about the unidentified objects shot down over North America” သတင်းကို ခေတ်မျက်လုံး (Era’s Eyes) မှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော