ရန်ကုန်မြို့ တစ်နေရာမှာ တော်လှန်လူငယ်တွေက စစ်ကောင်စီ ဆန့်ကျင်ရေး လှုံဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှု ကို ဧပြီ (၁၂) ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြလှုပ်ရှားမှုကို Yangon Revolution Force – YRF က ပြုလုပ်ခဲ့တာဖြစ်ပြီး လူကူး ခုံးတံတားတစ်ခုမှာ “ တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” ဆိုတဲ့ စားသားကို ချိတ်ဆွဲခဲ့ကြတာပါ။
![](https://eraseye.com/wp-content/uploads/2023/04/340645807_172027219101770_7801777363620425715_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340830289_996354261244377_1739323376482558567_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340931120_182932217895091_6101968411637213759_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340782563_148816184548176_8484802193769021157_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340180113_537456078574335_6343929278044113699_n-1.jpg)
အဲဒီစာသားက တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်လမ်းတိုထဲက စာသားကို ယူပြီးဖော်ပြထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြားထဲကနေပဲ တော်လှန်လူငယ်တွေက ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုတွေ ကို မရရရတဲ့ကြားက ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။
Era’Eyes | Photo – YRF