နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ပြနေပြည်သူများအနေနဲ့ CCTV မှတ်တမ်းများကို ကြိုတင်ဖျက်ထားဖို့ တော်လှန်ရေးအင်အားစုများတောင်းဆို

CCTV မှတ်တမ်းများကြောင့် ဖမ်းဆီးခံရမှုများရှိနေတဲ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ပြနေပြည်သူများအနေနဲ့ CCTV မှတ်တမ်းများကို တစ်ရက်လျှင် တစ်ကြိမ် ဖျက်ပေးကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်ပါတယ်။

မြို့ပြမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ရဲဘော်များအနေနဲ့ CCTV မှတ်တမ်းများကြောင့် ဖမ်းဆီးခံရမှု များပြားလာတဲ့အပေါ် တော်လှန်ရေးအင်အားစုများက ဇွန်လ (၁၁) ရက်မှာ ထုတ်ပြန်တောင်းဆိုလာတာပါ။

“အိမ်တွေမှာရှိတဲ့ စီစီတီဗီဆိုတာ ကိုယ့်အိမ်ရဲ့လုံခြုံရေးအတွက် တပ်ဆင်ထားတာမျိုးပါ။ အကြမ်းဖက်စစ်တပ်အနေနဲ့ အနိုင်ကျင့်ဗိုလ်ကျလို့ အချက်အလက်တွေ ပေးလိုက်ရတဲ့ အိမ်တွေလည်း ရှိပါတယ်။ ဒါကြောင့် အိမ်တွေအနေနဲ့ စီစီတီဗီကို အိမ်တွင်းထဲကိုပဲ ကင်မရာလှည့်ထားတာမျိုးဖြစ်ဖြစ် ထားသင့်ပါတယ်။ ပြည်သူ့ရဲဘော်လေးတွေ အန္တရာယ်ကင်းဖို့ဟာ ပြည်သူတွေမှာပဲ တာ၀န်ရှိနေတာမျိုးမို့ မေတ္တာရပ်ခံချင်ပါတယ်”ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့ရဲ့အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအား စစ်ကျွန်ဘဝအတွင်း နစ်မြုပ်နိုင်ရေးအတွက် CCTV အကူအညီဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့ တော်လှန်ရေးအင်အားစုများက ရေးသားထားပါတယ်။ထို့အတွက်ကြောင့် မြို့ပြနေပြည်သူများရဲ့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များ ကမ်ပိန်းပြုလုပ်ခြင်းများ တွေ့မြင်ပါက CCTV မှတ်တမ်းများကို ဖျက်ပေးထားကြဖို့ တောင်းဆိုထားပါတယ်။

“သူတို့က Team ဖွဲ့ပြီးကို စောင့်ကြည့်နေတာ။ CCTV တင် မဟုတ်ဘူး။ ဖုန်းတွေကြားဖြတ်‌နားထောင်တာ။ ဆိုရှယ်မီဒီယာ‌တွေမှာ တစ်ခုခုတင်ပြီဆိုတာနဲ့ အကြမ်းဖက်စစ်တပ်ဟာ စောင့်ကြည့်ပြီး ဖမ်းဆီးဖို့ကြိုးစားတာတွေဟာ ရှင်းရှင်းပြောရရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါပဲ”လို့ ၎င်းက ထပ်မံပြောပါတယ်။

အခုဇွန်လ ပထမအပတ်အတွင်းမှာ မြို့ပြရဲဘော်များ မစ်ရှင်ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံရတဲ့ဖြစ်စဉ် (၂) ကြိမ်အထိ ရှိခဲ့ပြီး ရဲဘော် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး CCTV ဓါတ်ပုံကမ်ပိန်းအနေနဲ့ No CCTV, မြို့ပြကို CCTV နဲ့ မသတ်နဲ့အပါအဝင် CCTV အန္တရာယ်သတိထားကြပါ စတဲ့ စာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချောင်းအား cross လုပ်ပြီးဖြစ်စေ ပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို