နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက်

ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး အာရှတစ်လွှားတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်စေခဲ့သည်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ အဆိုအရ ပြင်းအား ၇.၈ ရှိသော အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ခန့် (ဂရင်းနစ်စံတော်ချိန် တနင်္ဂနွေနေ့ ၂၃:၄၀ နာရီ) မတိုင်မီက မင်ဒါနာအို (Mindanao) ကျွန်းအလွန်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

တရားဝင်လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များ၌ မင်ဒါနာအို ကျွန်း ဂျင်နရယ်ဆန်းတိုစ် (General Santos) မြို့ရှိ ဂျိုလီဘီ (Jollibee) စားသောက်ဆိုင် ဖွင့်လှစ် ထားသည့် သုံးထပ်အဆောက်အအုံတစ်ခုသည် အပျက်အစီးများနှင့် ဖုန်မှုန့်များ ကြားတွင် ပြိုကျပျက်စီးသွားခဲ့သဖြင့် ဘေးမှကြည့်ရှုနေသူများကို ထိတ်လန့်တုန်လှုပ် စေခဲ့သည်။

အခြားပုံရိပ်များတွင်လည်း ပြတင်းပေါက်မှန်များ ကွဲအက်ခြင်းနှင့် အမိုးများ ပြိုကျခြင်း အပါအဝင် အဆောက်အအုံများ အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က တနင်္လာနေ့နံနက်ပိုင်းတွင် အရပ်ဘက်ကာကွယ်ရေး ရုံးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီ အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီများကို စတင်တာဝန်ပေးအပ်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မားကို့စ်က အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် ပတ်သက်၍ အစိုးရ၏ အသိပေးချက်များကို လိုက်နာကြရန် ပြည်သူများကို တိုက်တွန်း ခဲ့သည်။

“ဘေးဒဏ်သင့်တဲ့ ပြည်နယ်တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေအနေနဲ့ ဆူနာမီ သတိပေးချက်ကို ကျေးဇူးပြုပြီး လိုက်နာကြပါ။ မြင့်မားတဲ့ ကုန်းမြေတွေဆီကို အခုပဲ ရွှေ့ပြောင်းကြပါ။ အချိန်ဆွဲမနေပါနဲ့။ သင်တို့ရဲ့ အသက်ဟာ နောက်ချန်ထားခဲ့ရတဲ့ ဘယ်အရာ ထက်မဆို ပိုပြီးအရေးကြီးပါတယ်” ဟု မားကို့စ်က ဆိုသည်။

မင်ဒါနာအိုကျွန်းရှိ ပြည်နယ်အနည်းငယ်တွင် ယနေ့အတွက် စာသင်ကျောင်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာက အစောပိုင်းတွင် ဖိလစ်ပိုင် ကမ်းရိုးတန်းဒေသများသို့ ၃ မီတာ (၉.၈ ပေ) အထိမြင့်သော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ပြီး၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ အစိတ်အပိုင်းအချို့တွင် ၁ မီတာ (၃.၃ ပေ) အထိ မြင့်သော လှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ငလျင်ပြင်းအားကို ကနဦးခန့်မှန်းချက် ၈.၂ မှ လျှော့ချသတ်မှတ်ခဲ့သည့် အမေရိကန်အမျိုးသား ဆူနာမီသတိပေးစင်တာကမူ ယခုငလျင်သည် အမေရိကန်ကမ်းရိုးတန်းဒေသများအတွက် ခြိမ်းခြောက်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် အန္တရာယ်ရှိသော လှိုင်းလုံးကြီး များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် အကြံပြုထားသည်။

ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒအဖွဲ့ (PHIVOLCS) က ဆာရန်ဂါနီ (Sarangani)၊ ဒါဗာအို အိုစီဒင်တယ် (Davao Occidental)၊ တာဝီတာဝီ (Tawi-tawi) နှင့် ဆူလူ (Sulu) ပြည်နယ်များ အပါအဝင် ပြည်နယ်ကိုးခု၏ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများသည် မြင့်မားသော ကုန်းမြေ သို့မဟုတ် ပြည်တွင်းပိုင်းဆီသို့ ချက်ချင်း ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“အထက်ပါပြည်နယ်တွေရဲ့ ဆိပ်ကမ်းတွေ၊ မြစ်ဝတွေ ဒါမှမဟုတ် ကမ်းဦးရေတိမ်ပိုင်းတွေမှာ ရှိတဲ့ စက်လှေပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ စက်လှေတွေကို သေချာချည်နှောင်ထားပြီး ကမ်းနား ကနေ ဖယ်ခွာသွားသင့်ပါတယ်” ဟု PHIVOLCS က ဆိုသည်။

“ဒီကာလအတွင်း ပင်လယ်ပြင်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ စက်လှေတွေအနေနဲ့ နောက်ထပ်

အကြောင်းမကြားမချင်း ရေနက်ပိုင်း ပင်လယ်ပြင်မှာပဲ ဆက်ရှိနေသင့်ပါတယ်။”

ယခင် ၂၀၂၅ခုနှစ်အောက်တိုဘာလက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူး၊ ဘိုဂိုမြို့တွင် ငလျင်လှုပ်ခတ်မှု အတွင်း သူမ၏ကလေးနှစ်ဦး၏ အခေါင်းများကြားတွင် ၆.၉ ရစ်ချ်တာစကေးရှိ ငလျင်မှ အသက်ရှင်ကျန်ရစ်ခဲ့သော အသက် ၃၄ နှစ်အရွယ် ဂျီဆီယယ် မာလီနာအို။ [Eloisa Lopez/Reuters](ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 45 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 55 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက