နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မိုးကုတ်မှာ တစ်ရက်ထဲ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ (၂)နေရာဖြစ်ပွားခဲ့

မိုးကုတ်မြို့နယ်ထဲမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ အောက်တိုဘာလ (၁၂) ရက်နေ့က တစ်ရက်ထဲ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


အောက်တိုဘာလ (၁၂) ရက်နေ့ နံနက် (၁၁)နာရီအချိန်က TNLA ရှိရာ မိုးကုတ်မြို့၊ အထက်ညောင်ကုန်းနဲ့ ဖြူရောင်ရွာအကြားမှာ တစ်ကြိမ်နဲ့ နေ့လယ်ပိုင်း (၁၂)နာရီဝန်းကျင်မှာ အထက်ညောင်ကုန်းအနီး တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မိုးကုတ်မြို့၊ အထက်ညောင်ကုန်းကျေးရွာအနီး TNLA ရှိရာကို စစ်တပ်ရဲ့ ခလရ (၄၄)၊ (၈၈)၊ (၁၀၂)နဲ့ (၁၀၄) တို့က အင်အား (၁၅၀) ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ ဇူလိုင်လကစပြီး အောက်တိုဘာလ (၁၃) ရက်နေ့အထိ တိုက်ပွဲ(၇၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့ပြင် စစ်တပ်ရဲ့ လက်နက်ကြီးအခြေစိုက်စခန်းဖြစ်တဲ့ လွယ်ကျယ်လောက်၊ (၁၀၅)မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ (၁၂၃) တပ်စခန်းနဲ့ မိုးကုတ်တပ်စခန်းတို့ကနေ TNLA ရှိရာကို နေ့စဉ် လက်နက်ကြီးအကြိမ်ရေ (၄၀၀) ကျော် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ
မြန်မာသတင်း

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကူမင်းမြို့ကို ရောက်ရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ TNLA
မြန်မာသတင်း

စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီလေကြောင်းကြောင့် ပြည်သူထိခိုက်သေဆုံးတာ ပိုမိုများပြားလာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါကီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၁၂)ရက်ကစပြီး အခုအချိန်အထိ စစ်ကိုင်းတိုင်းထဲရှိ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို (၁၂)ရက်နေ့
မြန်မာသတင်း

NUG နဲ့ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ NUG နည်းပညာဝန်ကြီးဌာန(MOCIT)နဲ့ ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ FW နဲ့ တိုက်ရိုက်မဟုတ်ဘဲ MOCIT ကနေ
မြန်မာသတင်း

အောင်ပင်လယ်ရဲစခန်းမှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးထားသူတစ်ဦး ထွက်ပြေးလွတ်မြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်နယ်မြေရဲစခန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ “ လွတ်သွားတဲ့သူက အောင်ပင်လယ်နယ်မြေရဲစခန်းမှာ စကစရဲ့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူပါ။ အချုပ်ခန်းထဲ ဖမ်းထားချိန်
မြန်မာသတင်း

ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၂၀၀)ကို စစ်ကောင်စီ ပြန်ပို့ဖို့ စီစဉ်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၀)ကို စစ်ကောင်စီက ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နယ်စပ်တွေကတဆင့် နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး