ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KPDF ရဲဘော်များနှင့် ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ တော်လှန်သင်္ကြန်သံချပ်ပြုလုပ်ခဲ့ကြပါတယ်။
KPDF ရဲဘော်များက သံချပ်များကို သံပြိုင်ဆိုကာ “ပြည်သူ့အာဏာသိမ်းသတဲ့ဗျာ မုသားကြိုက်တဲ့ အာဏာရူးတွေ”၊ “လူငယ်တွေရဲ့ အနာဂတ်ကို အညွန့်ချိုးနှိမ် လက်နက်အားကိုး” ၊ “ပြုပြင်ပြောင်းလဲ နိုင်ငံကြီးကို ဒီမိုကရေစီအင်အားဆီသို့”၊ “နောက်မျိုးဆက်တို့ ပျော်ဖို့ရာ ငါတို့တွေရဲ့ သမိုင်းပေးတာဝန်” ၊ “အဆုံးထိပါဝင် တိုက်ပွဲဝင်ကြ” ၊ “အပျော်သကြန် တို့ငြင်းဆန်” စသည့်တို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
ထို့အပြင် ဒေသခံပြည်သူများ စုပေါင်းပါဝင်သည့် ဖားကန့်မှော်လှည့်သပိတ်ကလည်း “တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုသည့် စာသားကို ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အတုအယောင် သင်္ကြန်ကို ကန့်ကွက်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
Era’sEyes | ရုပ်သံ – ဖားကန့်မှော်လှည့်သပိတ်







