နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလတာအတွင်း အာရှလမ်းတစ်လျှောက် တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၁) ဦးသေဆုံးခဲ့

တလတာအတွင်း ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၁) ဦးသေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ဒီကနေ့ စက်တင်ဘာလ (၁၄) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ မိုးကြီးမြေပြိုခဲ့ပြီးနောက် ဩဂုတ်လ (၇)ရက်နေ့ကစပြီး စက်တင်ဘာလ (၇) ရက်နေ့အထိ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း (၁၂) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က (၃၁) ဦးသေဆုံးကာ (၂၆) ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သုံးကား (၇)စီး ပျက်စီးခဲ့သလို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က (၄)ဦးကျဆုံးကာ (၁)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ တံတားထိုးပြန်လည်ပြုပြင်တာကို အကြောင်းပြပြီး စစ်တပ်က နယ်မြေလုံခြုံရေးလှုပ်ရှားတာကို KNLA တပ်ရင်း (၁၈) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပျောက်ကြားအနေနဲ့အပါအဝင် နှစ်ဖက်ထိတွေ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။


ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဟာ စစ်ကောင်စီရဲ့ စီးပွားရေးအရနဲ့ တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးထောက်တိုင်ကြီး တစ်ခုဖြစ်ကာ အုပ်ချုပ်မှုယန္တရားတည်တံ့ခိုင်မြဲရေးအတွက် အဆိုပါလမ်းမကြီးကို နေ့စဉ်နဲ့အမျှ ပြန်လည်ကြိုးစားပြုပြင်နေတာလို့ ပြောဆိုထားပါတယ်။


အာရှလမ်းမကြီးအား အမှီပြုပြီး သွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ ယန္တရားတွေကို ဆန့်ကျင်ပြီး KNU နဲ့အတူ ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 21 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 23 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 19 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်
မြန်မာသတင်း

ရွေးကောက်ပွဲကို တရားမျှတစွာ ဝင်ပြိုင်ကြဖိုဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 19 Views
ဒီဇင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တရားမျှတစွာ ဝင်ပြိုင်ကြဖို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က ပြင်ဦးလွင်မြိုမှာပြုလုပ်တဲ့ စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူတွေကလွဲပြီး ကျန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး
မြန်မာသတင်း

အင်ဒိုနီးရှားမှာပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်အုပ်စု လုံးဝမပါဘူးလို NUCC ထုတ်ပြန်ရှင်းလင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 15 Views
ဒီဇင်ဘာလ (၄)ရက်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားတာနဲ့ပတ်သက်ပြီး NUCC က မနေ့က အသိပေးရှင်းလင်းချက်တစောင် ထုတ်ပြန်ထားတယ်လို သိရပါတယ်။ NUCC အနေနဲ့ Office of Special Envoy on Myanmar
မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 44 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း သန်လျင်မြို့‌ ‌ဗိုလ်ချုပ်ကျေးရွာနေ (၅၈)နှစ်အရွယ်
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ စစ်လက်နက်တွေထဲက MA-1 သေနတ် (၁၀)လက်နဲ့ G-3
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 44 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး