နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

Myanmar Politics

Myanmar Politics ဆောင်းပါးများ

ရှမ်းပြည်နယ်က အခြေခံပညာစာသင်ကျောင်းမှာ စာမရလို့ဟုဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမပြင်းပြင်းထန် ထန် ရိုက်နှက်တာကြောင့် ဆေးရုံတင်ထားရ

ရှမ်းတောင် မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာရှိ အခြေခံပညာစာသင်ကျောင်းမှာ အောက်တိုဘာလ (၁၁) ရက်နေ့က စာမရလို့ ဆိုကာ ကျောင်းသူဖြစ်သူကို ဆရာမဖြစ်သူ နန်းနွန်းမှ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ခေတ်မျက်လုံးကိုပြောပါတယ်။


အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကျောင်းသူဟာ အောက်တိုဘာ ၉ ရက်မှာ ကျောင်းမှာ စာမေးပွဲဖြေဆိုဖို့ စာမရသေးကြောင်း ဆရာမကို ပြောဆိုမိခဲ့ရာမှ ရိုက်နှက်ခံခဲ့ရကာ ဦးခေါင်း၊ မျက်နှာတပြင်လုံး ညိုမဲစွဲနေတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“ ကျမလည်း ကလေးရှိတဲ့ မိခင်တစ်ဦးပါ။ ကိုယ်ချင်းစာမိတယ်လေ ဒီလိုဖြစ်တော့ ကလေးကို သွားအားပေးဖြစ် ခဲ့တာပါ။ ကလေးကဦးခေါင်းထိထားတော့ ရောင်တာတော့ ရှိနေတုန်းပဲ။ အာရုံကြောထိထားတဲ့ အရှိန်ကြောင့် မျက်ကွင်းက ညိုနေသေးတယ်” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

လက်ရှိမှာကလေးမိဘတွေက မိုင်းရှူးမြို့နယ် ပညာရေးရုံးသို့ တိုင်ကြားထားတယ်လို့ သိရပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မှာ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေရဲ့ ရိုက်နှက်မှုကြောင့် ကလေး ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ ပညာရေးမှူး ရုံးတွေကို တိုင်ကြားပေမယ့် အရေး ယူတာမျိုးတွေလည်း မရှိဘူးလို့ သိရပါတယ်။


ဒါပြင်ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းမှာ G–4 က ကျောင်းသူတစ်ဦးကို လက်သည်းမညှပ်ထားတဲ့အတွက် ကျောင်းအုပ် ဆရာမကြီးက ဦးခေါင်းကို ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းဖို့ ကလေးမိဘတွေက တောင်းဆိုခဲ့ဖူးပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ်
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 449 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း
ဆောင်းပါးများ ဘာသာပြန်ဆောင်းပါး အတွေးအမြင်ကဏ္ဍ

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 791 Views
Grace ဘာသာပြန် ရေးသားသည်။ ဤအကြောင်းအရာများကို ဂျပန်လူငယ် YouTuber ကူရိုမာရု၏ ပြောထားချက်များကို Grace မှ ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့မှ ဘာသာပြန်နှင့် အခြားစာပေများကို ခေတ်မျက်လုံး သတင်းဌာနအတွက် ဘာသာပြန်
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 1.95K Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
ဆောင်းပါးများ မြန်မာသတင်း

NRA ဖွဲ့စည်းပေါ်ပေါက်လာပုံအပေါ် ကျနော့်သဘောထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 24 ရက်
  • 425 Views
နွေဦးတော်လှန်ရေးစတင်ပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အများအပြား ရှိလာခဲ့ရာက NLD အမတ်တွေ စုဖွဲ့ထားတဲ့ NUG ပေါ်လာတယ်။ ပြည်သူတွေက တခဲနက် အားပေးခဲ့ကြတယ်။ NUG က PDF တွေ ပသုံးလုံးတွေ ဖွဲ့တယ်။ တိုက်ပွဲတွေ
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 1.26K Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.49K Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.36K Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို