ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံသည် ဇန်နဝါရီ ၁၃ ရက် ညနေ သုံးနာရီကျော်က မီး အကြီး အကျယ် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှု အဆင့် ၃ အထိရှိခဲ့ပြီး မီးသတ်ယာဉ် အစီးခြောက်ဆယ်၊ မီးသတ်တပ်ဖွဲ့ဝင်အယောက် ငါးရာကျော်ဖြင့် အချိန်တစ်နာရီခွဲကျော်ကြာ ငြှိမ်းသတ်ခဲ့ရ ကြောင်းမီးသတ်ဌာနက ထုတ်ပြန်ထားသည်။

ါလံငါးသောင်းဆန့်သည့် အရက်ဆီကန်တွေ ဂိုဒေါင်တွေ မီးလောင်ပေါက်ကွဲခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။
Photo: Citizen Journalist | REF: rfa