နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

၂၀၂၆ခုနှစ်၊ မေလ ၁၄ရက်

ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။

ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) သို့ ရောက်ရှိလာပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ခမ်းနားထည်ဝါသော ကြိုဆိုပွဲအခမ်းအနားကို စတင်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် စစ်တီးဝိုင်းက “ The Star Spangled Banner” (အမေရိကန်နိုင်ငံတော်သီချင်း) ကို တီးခတ်ခဲ့ပြီး ကျောင်းသားလူငယ်လေးများက ပန်းပွားများကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာ ခုန်ပေါက်ကြိုဆို ခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုမှ ခေါင်းဆောင်များသည် ကော်ဇောနီ ပေါ်တွင် လျှောက်လှမ်းရင်း၊ အမေရိကန်နှင့် တရုတ်အရာရှိများကို နှုတ်ဆက်ကာ အခမ်းအနားကို ကြည့်ရှုနေစဉ်အတွင်း ရင်းနှီးဖော်ရွေပြီး စိတ်လက်ပေါ့ပါးသည့်ပုံစံ ရှိနေ ခဲ့သည်။ ၎င်းတို့သည် အခမ်းအနားတစ်လျှောက် စကားစမြည်ပြောဆိုနေခဲ့ကြပြီး တစ်ဦးနှင့် တစ်ဦး လက်မောင်းကို နွေးထွေးစွာ ပုတ်ပေးနေသည်ကို မကြာခဏ တွေ့ရသည်။

ယခုအခါ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ အရေးပါသော အစည်းအဝေးကို စတင်နေပြီဖြစ်သည်။ နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးများအတွင်း နည်းပညာ၊ ကုန်သွယ်ရေးနှင့် ထိုင်ဝမ်အရေး အပါအဝင် ခက်ခဲနက်နဲသော ကိစ္စရပ်များကို ဆွေးနွေးကြရန် မျှော်လင့်ရသည်။ ၎င်းတို့ ချမှတ်လိုက်သည့် လေသံ (သို့မဟုတ်) သဘောထားသည် လာမည့်နှစ်များအတွင်း ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုကြား ဆက်ဆံရေးလမ်းကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။


ရှီနှင့် ထရန့်တို့က ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသည့် အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြသည်

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ပြည်သူ့ခန်းမဆောင်ကြီးအတွင်း ထိုင်နေကြစဉ် နှစ်နိုင်ငံဆွေးနွေးပွဲ မတိုင်မီ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

ရှီကျင့်ဖျင်က ကမ္ဘာ့အခြေအနေမှာ မငြိမ်မသက်ဖြစ်နေကြောင်းနှင့် ကမ္ဘာကြီးသည် “ လမ်းဆုံလမ်းခွအသစ်သို့ ရောက်ရှိနေပြီ” ဖြစ်ကြောင်း စတင်ပြောကြားခဲ့သည်။

ယခုမေးခွန်းမှာ “ တရုတ်နှင့် အမေရိကန်တို့သည် ‘သူးဆီဒိုက်ဒီးစ် ထောင်ချောက်’ (Thucydides Trap) ဟုခေါ်သော အခြေအနေကို ကျော်လွှားပြီး နိုင်ငံကြီးချင်း ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မလား” ဟူသည်ပင် ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ထိုဝေါဟာရမှာ ထွန်းသစ်စအင်အားကြီးနိုင်ငံတစ်ခုက လက်ရှိအင်အားကြီးနိုင်ငံကို ခြိမ်းခြောက်လာသည့်အခါ ပဋိပက္ခဖြစ်ပွားတတ်သည့် အလားအလာကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ ကျွန်ုပ်တို့ဟာ ပြိုင်ဘက်တွေထက် လက်တွဲဖော်တွေ ဖြစ်သင့်ပါတယ်။ တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ကူညီဖေးမပြီး အတူတကွ သာယာဝပြောရပါမယ်။ ခေတ်သစ်မှာရှိတဲ့ နိုင်ငံကြီးတွေ အချင်းချင်း သင့်တင့်လျောက်ပတ်စွာ ဆက်ဆံနိုင်မယ့် မှန်ကန်တဲ့ လမ်းစဉ်တစ်ခုကို တည်ဆောက်သွားသင့်ပါတယ်” ဟု ရှီက ထပ်လောင်း ပြောကြားခဲ့သည်။

ထရန့်ကလည်း ၎င်းတို့နှစ်ဦး၏ “ ထူးခြားကောင်းမွန်သော ဆက်ဆံရေး” ကို ချီးကျူးခဲ့ပြီး ရှီနှင့် တရုတ်နိုင်ငံအပေါ် “ အလွန်လေးစားမှု” ရှိကြောင်းနှင့် ရှီကို “ ခေါင်းဆောင်ကောင်းတစ်ဦး” အဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အပြန်အလှန်အကျိုးပြုမည့် ကုန်သွယ်ရေး ကိစ္စရပ်များကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်းနှင့် ထိုနေရာသို့ ရောက်ရှိနေခြင်းမှာ “ ဂုဏ်ယူစရာ” တစ်ရပ်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကြာသပတေးနေ့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ ဆောင်ကြီးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တိုးချဲ့နှစ်နိုင်ငံဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (Evan Vucci/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ