နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ABSDF အခြေခံစစ်ပညာသင်တန်း သင်တန်းအမှတ်စဉ် (၁) ကို NUG သဝဏ်လွှာပေးပို့၊ NUG အစိုးရနှင့် (ABSDF) နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက် သရိုက်ကို ရှင်းလင်းသုတ်သင် ဖယ်ရှားနိုင်မည်ဟုယုံကြည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ချင်းတွင်းဒေသ၊အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့ ဇန်နဝါရီ (၁၄)ရက်တွင် ပြုလုပ်ခဲ့ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါ သဝဏ်လွှာတွင် ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ စတင်ချိန်ကတည်းက တော်လှန်ရေးလုပ်ငန်းတွေကို မဆုတ်မနစ်ဘဲ လုပ်ကိုင်လာခဲ့ပြီး လက်ရှိ အာဏာရှင်ဆန့်ကျင်ရေး လူထု အရေးတော်ပုံကြီးမှာလည်း အပြီးသတ်အောင်ပွဲခံသည်အထိ တော်လှန်ရေးညီနောင် အင်အားစုတွေနဲ့ လက်တွဲပြီးရှေ့ဆက်ပါဝင်သွားမယ်ဆိုတာ ယုံကြည်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ က ပေးပို့လာတဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က နိုင်ငံ ရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းမိတဲ့ အခါ လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက်သရိုက်ကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မယ် လို့ ယုံကြည်ကြောင်း NUG က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားသည်။

MoeZ/Era’sEyes | Photo – ABSDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 0 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 5 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 3 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 5 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 18 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 10 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ
မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 16 Views
မေလ (၂၃)ရက်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲက အပ်နှင်းတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာလို ဆိုပါတယ်။
မြန်မာသတင်း

ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မနက်ဖြန်သင်္ဂြိုလ်မယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 22 Views
မေလ (၂၃)ရက်။ ရန်ကုန် မရမ်းကုန်းမြို့ရှိ နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မေလ (၂၄)ရက်နေ့မှာ သင်္ဂြိုလ်သွားမယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ‌ဖော်ပြထားချက်အရ သိရပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ဟာ မနေ့က နံနက်ပိုင်းအချိန် မရမ်းကုန်းမြို့ရှိ