နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

◼စစ်ကိုင်းက အရေးပါတဲ့ လမ်းမကြီးအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်၊ ကုန်းလမ်း ရေလမ်းကြောင်းများပါဝင်

◼ NUG ရဲ့ အခွန်နဲ့ သယံဇာတနဲ့က အခွန်ကောက်ခံ

စစ်ကိုင်းတိုင်းထဲက အရေးပါတဲ့ ကုန်သွယ်ရေးလမ်းမကြီး အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကုန်းလမ်းမတင်မကဘဲ ‌ရေလမ်းကြောင်းဖြစ်တဲ့ ချင်းတွင်းမြစ် အရှေ့ခြမ်း အနောက်ခြမ်း တွေကိုပါ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေထိ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလိုအရေးပါတဲ့လမ်းမကြီးတွေထိန်းချုပ်ထားနိုင်တဲ့အတွက် ကလေးဝမြို့အနီးက အမှတ် (၁) သတ္တုတွင်းလုပ်ငန်းလုပ် ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဟာ NUG ရဲ့ PDF အဖွဲ့တွေကို အခွန်ပေးဆောင်ဖြတ်သန်းနေကြတာ ဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ် အရှေ့ခြမ်း မဟာမြိုင်လမ်းကနေ ကျောက်မီးသွေးတွေကို ဘိလပ်မြေစက်ရုံတွေရှိရာ မန္တလေးမြို့ရောက်အောင် ဖြတ်သန်းပြီး တင်ပို့နေကြရတာဖြစ်တယ်လို့လည်းသိရပါတယ်။

မုံရွာဘက်ထွက်ပြီဆိုရင် အိန္ဒိယနယ်စပ်ကိုဆက်သွယ်ထားတဲ့လမ်း (၃) လမ်းရှိပြီး မဟာမြိုင်လမ်းက မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်ကနေ မဟာမြိုင်တောကို ဖြတ်ပြီး ကလေးဝ ကလေးမြို့ကို ချိတ်တဲ့လမ်းဖြစ်ပြီးတော့ အခုအဲဒီလမ်းကို စစ်ကောင် စီအနေနဲ လုံးဝ အသုံးမပြုနိုင်တော့ဘူးလို့သိရပါတယ်။ တန့်ဆည်မြို့လွန်တာနဲ့ လမ်းတလျှောက် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုရနေတာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂန့်ဂေါဘက်ကို ဖြတ်သွားတဲ့လမ်း မုံရွာ-ပုလဲ-ကလေး-ဂန့်ဂေါလမ်းမကြီး အဲဒီလမ်းဆိုရင်လည်း ပုလဲလွန်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေရာယူထားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီလမ်းမကြီးတွေက ဖြတ်သန်းကြတဲ့ ကုန်သွယ်ယာဥ်တွေဟာလည်း PDF အဖွဲ့ကို အခွန်ပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာရတယ်လို့ ဆိုပါတယ်။

ကျောတ်မီးသွေး အပါအဝင် အခြားကုန်ပစ္စည်းတွေအတွက် မန္တလေးက တက်လာတဲ့ ကားတွေလည်း ဂိတ်ကြေးတွေပေးရတာရှိပြီး ကုန်တင်ကားတစ်စီး အတက်အဆင်း တစ်ခေါက်ကို ရှစ်သိန်းကျော် ကိုးသိန်းနီးပါး အထိကို ပေးဆောင်ရတာတွေရှိတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။

PHOTO – CJ

ဒီအခွန်တွေကို NUG ရဲ့ အခွန်နဲ့ သယံဇာတနဲ့ ကောက်ခံတာဖြစ်ပြီးတော့ လမ်းတစ်လျှောက်ဖြတ်သွားတဲ့ မြို့တွေက ပီဒီအက်ဖ် တွေကို ရန်ပုံငွေ ပြန်ခွဲပေးရတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ပြောကြားထားပါတယ်။ ပြီးခဲ့နှစ်က မြို့ နယ် တစ်မြို့နယ်ကို ကျောက်မီးသွေးကနေရတဲ့ အခွန်ခွဲတာ သိန်း ၈၀၀ လောက်ရခဲ့တယ်လို့ စစ်ကိုင်း ပ.က.ဖ အဖွဲ့ဝင် တဦးက ပြောဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၂၀ ကျော်ခန့် ကို ကျောက်မီးသွေးကရတဲ့ အခွန်တွေကို ခွဲဝေပေးနေတယ်လို့ လည်း စစ်ကိုင်းတိုင်း ပကဖ ဘက်ကပြောပါတယ်။ ကျောက်မီးသွေးကားတွေကို ပီဒီအက်ဖ်အပြင် ပျူစောထီးတွေ စစ်ကောင်စီဂိတ်တွေကို ပေးရတာရှိကြောင်းလည်း ကုန်တင်ကားမောင်းသူတွေက ပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ တိုင်းဖြစ်ပြီး အာဏာသိမ်းကာလ ၂ နှစ်ပြည့်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမြို့နယ် အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေ မြို့ နယ်အချို့မှာဖြစ်ပွား နေသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပြီးတော့ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ဒီကာလအတွင်းမှာပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

ဒီအ‌တောအတွင်းမှာ စစ်ကောင်စီက အုပ်ချုပ်ခွင့်အာဏာကို (၆) လသက်တမ်းတိုးထားတာဖြစ်ပြီး အဲဒီ (၆)လ ကာလအတွင်းမှာ တိုင်းပြည်တည်ငြိမ်လာမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယူဆပြောဆိုထားပါသေးတယ်။


REF: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို