နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

◼စစ်ကိုင်းက အရေးပါတဲ့ လမ်းမကြီးအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်၊ ကုန်းလမ်း ရေလမ်းကြောင်းများပါဝင်

◼ NUG ရဲ့ အခွန်နဲ့ သယံဇာတနဲ့က အခွန်ကောက်ခံ

စစ်ကိုင်းတိုင်းထဲက အရေးပါတဲ့ ကုန်သွယ်ရေးလမ်းမကြီး အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကုန်းလမ်းမတင်မကဘဲ ‌ရေလမ်းကြောင်းဖြစ်တဲ့ ချင်းတွင်းမြစ် အရှေ့ခြမ်း အနောက်ခြမ်း တွေကိုပါ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေထိ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလိုအရေးပါတဲ့လမ်းမကြီးတွေထိန်းချုပ်ထားနိုင်တဲ့အတွက် ကလေးဝမြို့အနီးက အမှတ် (၁) သတ္တုတွင်းလုပ်ငန်းလုပ် ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဟာ NUG ရဲ့ PDF အဖွဲ့တွေကို အခွန်ပေးဆောင်ဖြတ်သန်းနေကြတာ ဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ် အရှေ့ခြမ်း မဟာမြိုင်လမ်းကနေ ကျောက်မီးသွေးတွေကို ဘိလပ်မြေစက်ရုံတွေရှိရာ မန္တလေးမြို့ရောက်အောင် ဖြတ်သန်းပြီး တင်ပို့နေကြရတာဖြစ်တယ်လို့လည်းသိရပါတယ်။

မုံရွာဘက်ထွက်ပြီဆိုရင် အိန္ဒိယနယ်စပ်ကိုဆက်သွယ်ထားတဲ့လမ်း (၃) လမ်းရှိပြီး မဟာမြိုင်လမ်းက မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်ကနေ မဟာမြိုင်တောကို ဖြတ်ပြီး ကလေးဝ ကလေးမြို့ကို ချိတ်တဲ့လမ်းဖြစ်ပြီးတော့ အခုအဲဒီလမ်းကို စစ်ကောင် စီအနေနဲ လုံးဝ အသုံးမပြုနိုင်တော့ဘူးလို့သိရပါတယ်။ တန့်ဆည်မြို့လွန်တာနဲ့ လမ်းတလျှောက် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုရနေတာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂန့်ဂေါဘက်ကို ဖြတ်သွားတဲ့လမ်း မုံရွာ-ပုလဲ-ကလေး-ဂန့်ဂေါလမ်းမကြီး အဲဒီလမ်းဆိုရင်လည်း ပုလဲလွန်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေရာယူထားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီလမ်းမကြီးတွေက ဖြတ်သန်းကြတဲ့ ကုန်သွယ်ယာဥ်တွေဟာလည်း PDF အဖွဲ့ကို အခွန်ပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာရတယ်လို့ ဆိုပါတယ်။

ကျောတ်မီးသွေး အပါအဝင် အခြားကုန်ပစ္စည်းတွေအတွက် မန္တလေးက တက်လာတဲ့ ကားတွေလည်း ဂိတ်ကြေးတွေပေးရတာရှိပြီး ကုန်တင်ကားတစ်စီး အတက်အဆင်း တစ်ခေါက်ကို ရှစ်သိန်းကျော် ကိုးသိန်းနီးပါး အထိကို ပေးဆောင်ရတာတွေရှိတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။

PHOTO – CJ

ဒီအခွန်တွေကို NUG ရဲ့ အခွန်နဲ့ သယံဇာတနဲ့ ကောက်ခံတာဖြစ်ပြီးတော့ လမ်းတစ်လျှောက်ဖြတ်သွားတဲ့ မြို့တွေက ပီဒီအက်ဖ် တွေကို ရန်ပုံငွေ ပြန်ခွဲပေးရတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ပြောကြားထားပါတယ်။ ပြီးခဲ့နှစ်က မြို့ နယ် တစ်မြို့နယ်ကို ကျောက်မီးသွေးကနေရတဲ့ အခွန်ခွဲတာ သိန်း ၈၀၀ လောက်ရခဲ့တယ်လို့ စစ်ကိုင်း ပ.က.ဖ အဖွဲ့ဝင် တဦးက ပြောဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၂၀ ကျော်ခန့် ကို ကျောက်မီးသွေးကရတဲ့ အခွန်တွေကို ခွဲဝေပေးနေတယ်လို့ လည်း စစ်ကိုင်းတိုင်း ပကဖ ဘက်ကပြောပါတယ်။ ကျောက်မီးသွေးကားတွေကို ပီဒီအက်ဖ်အပြင် ပျူစောထီးတွေ စစ်ကောင်စီဂိတ်တွေကို ပေးရတာရှိကြောင်းလည်း ကုန်တင်ကားမောင်းသူတွေက ပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ တိုင်းဖြစ်ပြီး အာဏာသိမ်းကာလ ၂ နှစ်ပြည့်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမြို့နယ် အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေ မြို့ နယ်အချို့မှာဖြစ်ပွား နေသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပြီးတော့ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ဒီကာလအတွင်းမှာပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

ဒီအ‌တောအတွင်းမှာ စစ်ကောင်စီက အုပ်ချုပ်ခွင့်အာဏာကို (၆) လသက်တမ်းတိုးထားတာဖြစ်ပြီး အဲဒီ (၆)လ ကာလအတွင်းမှာ တိုင်းပြည်တည်ငြိမ်လာမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယူဆပြောဆိုထားပါသေးတယ်။


REF: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 2 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 11 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ