နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗြိတိန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်းတို့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က ဧပြီ ၁၁ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ ကလေးသူငယ်များ ၊ အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင်သားသည်မိခင်များ သက်ကြီးရွယ်အိုများ အားလုံးသေဆုံးထိခိုက်ခဲ့ရပါတယ် ။ အခုဆိုရင် သေဆုံးသူအရေအတွက်ဟာ ၁၇၀ ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ (၁၃) ရက်က ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး မစ္စ ဘာဘရာဝုဒ်ဝပ်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကြီးက ပဇီကြီးဖြစ်စဥ်မှာ စစ်တပ်က ဒီတိုက်ခိုက်မှုကို ငြင်းဆန်ခြင်းမရှိဘဲ ကျူးလွန်တယ်လို့ဝန်ခံခဲ့တဲ့အကြောင်းနဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ကလေးငယ်တွေနဲ့ လက်နက်မဲ့အရပ်သားပြည်သူတွေအပေါ် သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ပြောကြားခဲ့ ပါတယ်။

ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ဖို့နဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ကို စစ်တပ်က အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်းလည်းသူက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကနေ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လည်း အချက် ၁၁ ကို သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားတယ်လို့ ပြောသွားပါတယ်။

စစ်တပ်ဟာ ၂၀၂၃ ခုနှစ် လေးလတာ အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ အာဏာသိမ်းကာလစလို့ လက်ရှိအချိန်ထိ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ပြောသွားပါတယ်။

မြန်မာမှာ အကြမ်းဖက်မှုတွေအပြီးတိုင်ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်ပေးဖို့၊ စစ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုကို အပြီးတိုင်ချုပ်ငြိမ်းပေးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှု ပိုမိုဆိုးရွားလာခြင်းမှ ကြိုတင်ကာကွယ်နိုင်တဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်များကို ချက်ချင်းဆောင်ရွက်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

Era’sEyes | Photo – CRD | REF: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 19 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 24 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်