နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အမေရိကန်ကို အရှက်ရစေခဲ့သည့် ထိပ်တန်းလျှို့ဝှက်အဆင့် အချက်အလက်များ အွန်လိုင်းပေါက်ကြားမှု တရားခံကို ဖမ်းမိပြီ။

ထိပ်တန်းလျှို့ဝှက်အဆင့်အချက်အလက်များပေါက်ကြားမှုတွင် သံသယရှိသူ အသက် ၂၁ နှစ်အရွယ် မာဆာချူဆက်စ် အမျိုးသား လေကြောင်း ကာကွယ်ရေးမှ “ဂျက်ခ်ဒေါက်ဂလပ်စ်တက်ဆယ်ရာ” ကို FBI က ဧပြီလ (၁၃) ရက်နေ့မှာ သူ့နေအိမ်မှာ ဖမ်းဆီးလိုက်ပြီဖြစ်သည်။


“ ဒီနေ့မွန်းလွဲပိုင်းမှာ သံသယရှိသူကို FBI က ဖမ်းဆီးခဲ့ပါတယ်” ဟု ရှေ့နေချုပ် ဂါလင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါ ဖမ်းဆီးမှုသည် “ ခွင့်ပြုချက်မရှိဘဲ သံသယရှိသူများကို ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထိပ်တန်းလျှို့ဝှက်အဆင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ပေးပို့ခြင်း” နှင့် ဆက်စပ်နေသည်ဟု ၎င်းက ဆိုသည်။ တက်ဆယ်ရာသည် ပြည်ထောင်စု တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံမည် ဖြစ်သည်။

သူအဖမ်းခံရပြီးနောက် လေတပ်က တက်ဆယ်ရာ၏ နောက်ကြောင်း ရာဇဝင်ကို ထုတ်ပြန်ခဲ့သည်။ တက်ဆယ်ရာသည် ပထမတန်းအဆင့် လေယာဉ်မှူး ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မာဆာချူဆက်စ် အမျိုးသား လေကြောင်းကာကွယ်ရေးတွင် စာရင်းသွင်းခဲ့သည်ဟု ဆိုသည်။ သူသည် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူခဲ့ပြီး “ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်” ကို စီမံခန့်ခွဲခဲ့သည်ဟု ဆိုသည်။

တက်ဆယ်ရာသည် ၎င်း၏ အသက်အရွယ်နှင့် အဆင့်အတန်းအတွက် စံနှုန်းဖြစ်သည့် Air Force Medal of Merit ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။

ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့်ပတ်သက်၍ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုတွင် အလုပ်လုပ်နေသော လူငယ်တစ်ဦးသည် ဗီဒီယိုဂိမ်း ပရိသတ်များကြားတွင် ရေပန်းစားသော လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် Discord တွင် အချက်အလက်များကို လွှင့်တင်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်က (၁၂) ရက်တွင် ဖော်ပြခဲ့သည်။

Source: CNN, Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 46 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 31 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ဆုတ်ခွာပြီးနောက် ဒွန်ဘတ်စ်ဒေသ အချို့နေရာများတွင် “လွတ်လပ်သော စီးပွားရေးဇုန်” ဖန်တီးရန် အမေရိကန်က အဆိုပြု ဇီလန်စကီး ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 44 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ကြာသပတေးနေ့တွင် ပြောကြားသည်မှာ၊ ယူကရိန်း သည် ရုရှား နှင့် ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအရ ဆုတ်ခွာပေးရမည့် အရှေ့ဘက် ဒွန်ဘတ်စ်ဒေသ၏
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 51 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ဥရောပအကြား ပြဲထွက်လာသော အက်ကွဲကြောင်းသည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 49 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရုရှားအစိုးရကိုယ်စားလှယ်များသည် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်က မော်စကိုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း အားစိုက်ထုတ်ခဲ့ရသော်လည်း၊ ရုရှားတို့သည် ယခုအခါ –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းက နယ်မြေစွန့်လွှတ်ရန် ငြင်းဆိုနေစဉ် ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ပြင်ဆင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 56 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ယူကရိန်းသည် နယ်မြေများ လုံးဝမစွန့်လွှတ်ရစေရန် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို အိမ်ဖြူတော်သို့ တင်ပြရန် ပြင်ဆင်နေပါသည်။ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယူကရိန်းနှင့် နိုင်ငံတကာဥပဒေအရ ထိုသို့လုပ်ပိုင်ခွင့်