နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဇီကြီးရွာဖြစ်စဉ် နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

စစ်တပ်က ရွာတရွာအပေါ် အညှိးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ဟုပြောကြား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးက PDF ရဲဘော်တွေကို ရေဒီယိုမိန့်ခွန်းပြောရာမှာ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးက ပြောကြားရာမှာ လျှို့ဝှက်အစည်းအဝေးကျင်းပတာမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ပြီးစီးလို့ ဧည်ခံကျွေးမွေးတဲ့ပွဲသာဖြစ်တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

ရွာထဲမှာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန့်ရွှေ့ဆောက်ပြီး အညာဓလေ့ ၊ ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်တွေကိုပါ ဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်လို့ ကာကွယ်ရေးဝန်ကြီးက မနေ့က PDF ရဲဘော်တွေကို ရေဒီယိုမိန့်ခွန်းပြောရာမှာ ပဇီကြီးရွာဖြစ်စဉ်ကို ထည့်သွင်း အသိပေးပြောကြားပါတယ်။

ဒါဟာ လျှို့ဝှက်အစည်းအဝေး တခုမဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်တဲ့ အစီအစဉ်တခုသာ ဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။

အဲဒီပွဲကို ကလေးငယ်တွေ ၊သက်ကြီးရွယ်အိုတွေအပြင် အမျိုးသမီးတွေလည်း လာရောက်ကြတယ်လို့သိရပါတယ်။
ပဇီကြီးရွာဟာ စစ်အာဏာသိမ်းမှုလက်မခံဘဲ တိုက်ဖျက်တာကြောင့် အဲဒီရွာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မရှိဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒါပြင် စစ်ကောင်စီရဲ့ လုံခြုံရေးအထိုင်စခန်းမရှိတဲ့အပြင် စစ်ကြောင်းတွေလည်းမဝင်နိုင်တာကြာပြီလို့ သိရပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတရွာအပေါ် အညှိးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်” လို့ ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

ပဇီကြီးရွာဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေး ကာလတလျောက် အသေအပျောက်အများဆုံးနဲ့ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်က PDF ရဲဘော်တွေကို ပြောကြားပါတယ်။

NUG အစိုးရရဲ့စာရင်းအရ မနေ့က ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီး အသက် ၁၃ နှစ်အောက်ကလေး ၂၅ ဦး ၊အသက်အရွယ်ခွဲခြားမရတဲ့ ကလေးငယ် ၁၀ဦး တို့ပါဝင်တယ်လို့သိရပါတယ်။

Era’sEyes | Photo – NUG and CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 24 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 21 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 16 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 34 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့