စစ်ကိုင်းတိုင်းရှိ တန့်ဆည်၊ ကနီနှင့် ချင်းတွင်းမြစ်ကမ်းဘေး ဒေသတို့ ရှိ ဒေသခံပြည်သူများက ဧပြီ (၁၄) ရက်
တော်လှန်သင်္ကြန် အကျနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တော်လှန် သင်္ကြန် အကျနေ့ ချီတက်ရာတွင် ပြည်သူများက “ လူမဆန်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်” ၊ “ အပျော်လွန်ကြူးတဲ့ သင်္ကြန် မဖြစ်စေနဲ့ တော်လှန်သင်္ကြန်ပဲ ဖြစ်ပါစေ တိုင်းပြည်က ခွေးရူးကိုက်ခံထားရတာ များနေပြီ” စသည့် စာသားများ ကိုင်ဆောင်၍ ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/341465382_616433576652970_5628775458116866067_n-1-1024x691.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341387131_1204977403523763_8233639174646871801_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341181611_149477291143975_3129352488254138618_n-1024x631.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341471105_6537272772972534_1567017134908235871_n-1024x577.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341519460_731979718415076_3932539328442025890_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341293365_1422930775226786_5850834075284416618_n-1024x767.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341380766_606805417748070_5211128203471582613_n-1-1024x769.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341380766_606805417748070_5211128203471582613_n-1024x769.jpg)
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာ ၊ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းတစ်နေရာတို့ တွင် လည်း ဒေသခံပြည်သူများ စုပေါင်း၍ “ အညာဟာ အသံမတိတ် တော်လှန် အတာသပိတ်” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ခဲ့ကြပြီး နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်၍ ကျဆုံးအာဇာနည် ရဲဘော် ၁၀ဦး၏ (၂)နှစ်ပြည့် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ဖော်ဆောင်ခဲ့ကြပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် ၁၀ ဦးဟာ ပြီးခဲ့သည့် ၂၀၂၁ တူမီးသင်္ကြန်၊ သင်္ကြန်အကြတ်နေ့ ကနီနယ် လှည်းဘီးပွဲနှင့် နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာချောင်ပွဲတို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်တယ်လို့သိရပါတယ်။
Era’sEyes | ဓာတ်ပုံ – VOT ၊ ပြည့်အောင်နိုင် (ကနီ) ၊ Aung Khant Zaw