နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်(GTC)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ် (GTC)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁၄ရက်နေ့ နေ့လည် ၁နာရီခန့်က မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်(GTC)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Golden Eagel Force-Monywa အပါအဝင် Red Star Front(ကြယ်နီတပ်ဦး)(PLA)၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ God of Monywa PDF နဲ့ တောကျဲကြီးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ကြားတာတော့ ကြားလိုက်တယ်၊ မနေ့ကဖြစ်တယ်ဆိုတာ၊ နောက်မှသေချာသိတာပေါ့။
မြေပြင်မှာတော့ ပြည်ထောင်စုလမ်းနဲ့ စသုံးလုံးထိပ်မှာ စခကားတစ်စီး ခန့်မှန်း ၁၅ယောက်လောက် စစ်ဆေးနေတာတော့ရှိတယ်၊ အဲ့ဒါကတော့ ဖြစ်တဲ့နေ့ နေ့လည် ၃နာရီခွဲလောက်မှာပါ”လို့ မုံရွာမြို့ခံတစ်ဦးက ဆိုပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂိတ်ပေါက်ရှိ စစ်ကောင်စီဖွဲ့ဝင် ၄ဦးအနက် ၃ဦးသည် နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ရဲဘော်များရဲ့ ပြောဆိုချက်နဲ့ အတွင်းပေးသူများရဲ့ ပြောကြားချက်အရ သိရကာ ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်မှ ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း Golden Eagel Force-Monywa က ရဲဘော်တစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Era’sEye/Video/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကံပေါက်ပျုရွာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇသ်ဘာလ (၂၀)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့က ကျွန်းလှမြို့ ကံပေါက်ပျူစောထီးရွာက စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း အာရှ

ပြည်ပတပ်များကို ထိုင်းနယ်မြေအတွင်းမှ တွန်းထုတ်ရန် စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ရေးအရဖိအားများ လိုအပ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 8 Views
+++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ “ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က အဆိုပါပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း တိုးတက်မှု
မြန်မာသတင်း

ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ (၆)နာရီကြာ ပိတ်ဆို့တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၀)ရက်။ မနေ့က နံနက်(၈)နာရီအချိန်ကစပြီး ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုက်နမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး)ထံက သိရပါတယ်။ “ နံနက် (၈)နာရီလောက်ကစပြီး ဆားလင်းကြီးမြို့ပေါ် စကစတပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ နေရာအချို့ကို
မြန်မာသတင်း

ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ ည(၈)နာရီနောက်ပိုင်း အပြင်မထွက်ဖို့ စစ်ကောင်စီလက်ပါးစေတွေ လိုက်လံသတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၀)ရက်။ ပုသိမ်မြို့ပေါ်က ရပ်ကွက် (၁၅)ခုမှာ ည(၈)နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ စစ်ကောင်စီရဲ့ လက်အောက်ခံတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နယ်မြေမှူတွေက လိုက်လံသတိပေးထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာ အုပ်မှူးတွေ၊ နယ်မြေမှူးတွေက ည
မြန်မာသတင်း အမေရိကန်

အမေရိကန် ယူးတားပြည်နယ်တွင် မြန်မာဒုက္ခသည်မိသားစု ဖခင်ဖြစ်သူက ဇနီးနှင့် ကလေး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 3 Views
**သားကြီးဖြစ်သူတစ်ဦးတည်း ဒဏ်ရာပြင်းထန်စွာနဲ့ အသက်ရှင်ကျန်ရစ်** ဒီဇင်ဘာလ (၂၀) ရက်။ အမေရိကန်ပြည်ထောင်စု၊ ယူးတားပြည်နယ်၊ ဆော့လိပ်စီးတီးမြို့မှာ မြန်မာဒုက္ခသည် မိသားစုတစ်စုရဲ့ ဖခင်ဖြစ်သူက သူ့မိန်းမနဲ့ ကလေး (၄) ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့
မြန်မာသတင်း

မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲသတ်ဖြတ်မှု ကျူးလွန်သူ ဆရာဝန်အောင်ဇင်ဖြိုးကို ဖမ်းဆီးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 4 Views
ဒီဇင်ဘာလ ( ၂၀) ရက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူဆရာဝန်အောင်ဇင်ဖြိုးနဲ့ ပူးပေါင်းပါဝင်သူတစ်ဦးတို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းမိထားတယ်လို့ စစ်ကောင်စီ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေကြားက AA ကယ်ထုတ်ပေးနေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၀)ရက်။ နပခဌာနချုပ်ကနေ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ကြားက ကယ်ထုတ်ပေးနေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နပခကနေ ကယ်ထုတ်ပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ထိခိုက်ဒဏ်ရာရသူတွေလဲ ပါဝင်ကာ
မြန်မာသတင်း

ထိုင်းဆွေးနွေးပွဲထဲ နယ်စပ်ဒေသတည်ငြိမ်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၀)ရက်။ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲထဲ နယ်စပ်ဒေသလုံခြုံရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကာ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊