နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ယူကရိန်းနိုင်ငံ နီပရိုပက်တရို(ခ) ပြည်နယ်၏မြို့တော်နီပရိုကို ရုရှားဒုံးကျည်နှင့် တိုက်ခိုက်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း နီပရိုပက်တရို(ခ) Dnipro-Petrovsk ပြည်နယ်၏ မြို့တော်နီပရိုကို (၁၄) ရက်နေ့က ဒုံးကျည်နှင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် လူ (၁၂) ဦး သေဆုံးပြီး (၇၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်း အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး အသေအပျောက်များ ဆက်လက် မြင့်တက်လာဖွယ်ရှိသည်။

ဓာတ်ပုံ။ ရုရှားဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် နီပရိုမြို့ရှိ လူနေတိုက်ခန်းတစ်ခန်း ပျက်စီးသွားသည်ကိုတွေ့ရစဉ် (ရိုက်တာ)

(၁၄) ရက်နေ့တွင် ရုရှားစစ်တပ်သည် ယူကရိန်း၏ အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ ကြီးမား သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်၏ ပြောကြားချက်အရ ရုရှားသည် စနေနေ့တွင် အနည်းဆုံး ဒုံးကျည် ၅၀ နှင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယူကရိန်းသမ္မတဇန်လန်စကီးသည် ရုရှားနိုင်ငံကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း (၁၄) ရက်နေ့ညပိုင်းက ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ၊ ရိုမီအူရီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ယနေ့ စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်၏ စည်းရုံးလှုံ့ဆော်အဖွဲ့သည် ဟဲရစ်ကို တိုက်ခိုက်မည့်အချက်အချို့ကို ဖော်ပြခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 6 Views
စက်တင်ဘာလ (၁၀) ရက်။ တနင်္လာနေ့တွင် ထရမ့်မဲဆွယ်စည်းရုံးမှုအဖွဲ့သည် ABC ၏ သမ္မတစကားစစ်ထိုးပွဲတွင် သမ္မတဟောင်းထရမ့်က အသုံးချဖွယ်ရှိသော တိုက်ခိုက်မှုအချို့ကို ကြိုတင်တပ်ဖြန့်ချထားခဲ့ပုံရသည်။
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဂျော်ဂျီယာ စာသင်ကျောင်းပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 16 Views
စက်တင်ဘာလ (၅) ရက်။ ဝင်ဒါ (Winder), ဂျော်ဂျီယာ CNN။ ဂျော်ဂျီယာပြည်နယ် ဝင်ဒါအထက်တန်းကျောင်းမှ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အသက်
နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 16 Views
+++++++++++++++++++++++++++++++++++++++++++ စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။ ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း မီရှယ် ဘာနီရေ (Michel Barnier) သည် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် အထက်တန်းကျောင်းပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား အာဏာပိုင်များ ဖမ်းဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 15 Views
စက်တင်ဘာလ (၆) ရက်။ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို၏ အဆိုအရ အပလက်ချီ (Apalachee) အထက်တန်းကျောင်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ၏ ဖခင်ဖြစ်သူအား ယင်းပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးစေခဲ့သည့် အမှုနှင့်ပတ်သက်၍ သံသယရှိသူအဖြစ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက် ၅၄
နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ညီလာခံမှာ သြဘာသံအများဆုံးရခဲ့တဲ့ မီရှယ်အိုဘားမားမိန့်ခွန်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 23 Views
++++++++++++++++++++++++++++++++++++++++++ ကျမတို့အနားမှာ တစုံတခုသောဆန်းကြယ်အံ့သြဖွယ်အရာက တိုင်းပြည်အနှံ့အပြားမှာ ပြန့်နှံလာနေတယ်။ ဒါဟာကူးစက်လာနေတဲ့ မျှော်လင့်ချက်စွမ်းအားကြီး ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်လာမှု၊ စွမ်းအားတွေ၊ မြူးကြွရွှင်လန်းလာမှုတွေ၊ ပြန်လည်စုရုံး ရောက်ရှိလာခဲ့ပါတယ်။ မျှော်လင့်ချက်ရောင်ခြည် ထွန်းတောက်လာမယ့်နေ့အတွက် အမေရိကားက ပြန်လည် ရောက်ရှိလို့ လာပါပြီ။ ကြောက်ရွံ့စေခြင်း၊
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံဆွေးနွေး

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 31 Views
ဩဂုတ်လ (၂၈) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ မနေ့က ဩဂုတ်လ ၂၇ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိခဲ့တဲ့
နိုင်ငံတကာသတင်း အမေရိကန်

“မစ္စတာ ဒုသမ္မတ၊ ကျမ စကားပြောနေတယ်လေ။”

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 22 Views
“Mr. Vice President, I’m speaking.” သြဂုတ်လ (၂၈) ရက်, CNN သတင်း။ ၂၀၂၀ခုနှစ် တွင် ယခင် ဒုတိယသမ္မတ မိုက်ပင့်စ် (Mike Pence) နှင့် မမေ့နိုင်သော စကားစစ်ထိုးမှုတွင်
နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်သမတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းကောက်နှုတ်ချက်

  • 2024 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 18 Views
ဒီမိုကရက်တစ်တစ်ယောက်ဖြစ်ရတာ ခင်ဗျား ဂုဏ်ယူလား။ ကျနော်တို့နဲ့ ပူးပေါင်းခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ဒီစင်မြင့်ပေါ်ကို တက်ခဲ့ကြတဲ့ ရီပတ်ဘလီကန်တွေနဲ့ တသီးပုဂ္ဂလတွေကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ဒီအရာတွေအားလုံးကို ကျနော် မြင်ခဲ့ရလို့ အခုမှ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။