နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ပင်လယ်နက်ပင်လယ်ပြင်တွင် အမေရိကန်လေတပ် မောင်းသူမဲ့ လေယာဉ်တစ်စင်းနှင့် ရုရှားတိုက်လေယာဉ်တစ်စင်း တိုက်မိ

MQ-9 Reaper ဟု လူသိများသော အမေရိကန်လေတပ်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းသည် ရုရှားတိုက်လေယာဉ်တစ်စင်းနှင့် တိုက်မိပြီး ၎င်း၏ပန်ကာများ ပျက်စီးသွားပြီးနောက် ပင်လယ်နက်ပေါ်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်လေတပ်၏အဆိုအရ MQ-9 သည် ပင်လယ်နက်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် ၎င်းပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေသည့် ရုရှား Su-27 တိုက်လေယာဉ်နှစ်စင်းမှ တစ်စီးသည် MQ-9 ရှေ့သို့ တမင်တကာ ပျံသန်းကာ လောင်စာဆီများကို စွန့်ပစ်ခဲ့သည်။

ထို့နောက် တိုက်လေယာဉ်တစ်စင်းသည် MQ9 ၏ နောက်ပန်ကာအား ပျက်စီးစေခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အမေရိကန်လေတပ်သည် MQ9 ကို နိုင်ငံတကာရေပိုင်နက်ထဲသို့ ပျက်ကျစေခဲ့သည်။

ဖေဖော်ဝါရီလက အမေရိကန်စစ်တပ်မောင်းသူမဲ့လေယာဉ် MQ-9၊ Andersen လေတပ်အခြေစိုက်စခန်းအနီး ပျံသန်းနေစဉ်။Airman Christa Anderson/ US Air National Guard

ယူကရိန်းစစ်ပွဲအတွင်း ရုရှနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ပင်လယ်နက်တွင် လေယာဉ်များ ပျံသန်းခဲ့ကြသော်လည်း ယခုဖြစ်စဉ်သည် ပထမဆုံးသော ဖြစ်စဉ်ဖြစ်သည်။ စစ်ပွဲသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ အခြေအနေသည် တင်းမာသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

“ဒေသစံတော်ချိန် နံနက် (၇) နာရီ (၃) မိနစ် အချိန်ခန့်တွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စင်းက MQ9 ၏ပန်ကာနှင့် တိုက်မိခဲ့ပြီး မြေပြင်မှ ထိန်းချုပ်သူများက MQ9 ကို ပင်လယ်နက်ပင်လယ်ပြင်ထဲသို့ ဖျက်ချခဲ့ရသည်။ ပျက်ကျမှု မဖြစ်မီ နိုင်ငံတကာရေပိုင်နက်အတွင်း ရုရှားတိုက်ယာဉ်နှစ်စင်းသည် အမေရိကန်၏ မောင်းသူမဲ့လေယာဉ်ပေါ်သို့ လောင်စာဆီများကို စွန့်ပစ်ကာ မောင်းသူမဲ့လေယာဉ်ရှေ့တွင် အကြိမ်များစွာ ပျံသန်းခဲ့ကြသည်။ မဆင်မခြင်၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ဘဲ ပရော်ဖက်ရှင်နယ် မဆန်သည့်ပုံစံဖြင့် ပျံသန်းသွားခဲ့သည်။” ဟု အမေရိကန်လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 23 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 35 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း