နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 17 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ပင်လယ်နက်ပင်လယ်ပြင်တွင် အမေရိကန်လေတပ် မောင်းသူမဲ့ လေယာဉ်တစ်စင်းနှင့် ရုရှားတိုက်လေယာဉ်တစ်စင်း တိုက်မိ

MQ-9 Reaper ဟု လူသိများသော အမေရိကန်လေတပ်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းသည် ရုရှားတိုက်လေယာဉ်တစ်စင်းနှင့် တိုက်မိပြီး ၎င်း၏ပန်ကာများ ပျက်စီးသွားပြီးနောက် ပင်လယ်နက်ပေါ်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်လေတပ်၏အဆိုအရ MQ-9 သည် ပင်လယ်နက်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် ၎င်းပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေသည့် ရုရှား Su-27 တိုက်လေယာဉ်နှစ်စင်းမှ တစ်စီးသည် MQ-9 ရှေ့သို့ တမင်တကာ ပျံသန်းကာ လောင်စာဆီများကို စွန့်ပစ်ခဲ့သည်။

ထို့နောက် တိုက်လေယာဉ်တစ်စင်းသည် MQ9 ၏ နောက်ပန်ကာအား ပျက်စီးစေခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အမေရိကန်လေတပ်သည် MQ9 ကို နိုင်ငံတကာရေပိုင်နက်ထဲသို့ ပျက်ကျစေခဲ့သည်။

ဖေဖော်ဝါရီလက အမေရိကန်စစ်တပ်မောင်းသူမဲ့လေယာဉ် MQ-9၊ Andersen လေတပ်အခြေစိုက်စခန်းအနီး ပျံသန်းနေစဉ်။Airman Christa Anderson/ US Air National Guard

ယူကရိန်းစစ်ပွဲအတွင်း ရုရှနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ပင်လယ်နက်တွင် လေယာဉ်များ ပျံသန်းခဲ့ကြသော်လည်း ယခုဖြစ်စဉ်သည် ပထမဆုံးသော ဖြစ်စဉ်ဖြစ်သည်။ စစ်ပွဲသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ အခြေအနေသည် တင်းမာသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

“ဒေသစံတော်ချိန် နံနက် (၇) နာရီ (၃) မိနစ် အချိန်ခန့်တွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စင်းက MQ9 ၏ပန်ကာနှင့် တိုက်မိခဲ့ပြီး မြေပြင်မှ ထိန်းချုပ်သူများက MQ9 ကို ပင်လယ်နက်ပင်လယ်ပြင်ထဲသို့ ဖျက်ချခဲ့ရသည်။ ပျက်ကျမှု မဖြစ်မီ နိုင်ငံတကာရေပိုင်နက်အတွင်း ရုရှားတိုက်ယာဉ်နှစ်စင်းသည် အမေရိကန်၏ မောင်းသူမဲ့လေယာဉ်ပေါ်သို့ လောင်စာဆီများကို စွန့်ပစ်ကာ မောင်းသူမဲ့လေယာဉ်ရှေ့တွင် အကြိမ်များစွာ ပျံသန်းခဲ့ကြသည်။ မဆင်မခြင်၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ဘဲ ပရော်ဖက်ရှင်နယ် မဆန်သည့်ပုံစံဖြင့် ပျံသန်းသွားခဲ့သည်။” ဟု အမေရိကန်လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းက ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား အများအပြား သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၈) ရက်။ ဂါဇာတွင် ဗုဒ္ဓဟူးနေ့ညက ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် အကူအညီပေးရေး လုပ်သားအများအပြား သေဆုံးခဲ့ကြောင်း အမေရိကန် ကျောထောက်နောက်ခံပြု
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးရန် ရီပတ်ဘလီကန်အမတ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 11 Views
ဇွန်လ (၁၇) ရက်။ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်သောမတ်စ် မက်ဆီ (Thomas Massie) က အီရန်နှင့် အစ္စရေးတို့ကြား ပြင်းထန်သော
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှုသံသယဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 14 Views
ဇွန်လ (၁၆) ရက်။ မင်နီဆိုတာ ဒီမိုကရက်တစ်ပါတီမှ မဲလ်လီစာ ဟော့မန် (Melissa Hortman) နှင့် သူမ၏ခင်ပွန်း မာ့ခ် (Mark) တို့ သေဆုံးပြီးနောက် တနင်္ဂနွေညတွင် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်
နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 25 Views
ဇွန်လ (၁၅) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း အီရန်နှင့် အစ္စရေးကြား ပဋိပက္ခနှင့်အခြားကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက် ယူရီ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
ဇွန်လ (၁၄) ရက်။ သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း
Israel -Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဘာမှမကျန်တော့မဲ့အဖြစ် မရောက်ခင် သဘောတူညီချက်တစ်ခုယူဖို့ အီရန်ကို ထရန့် သတိပေး

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
အီရန်ကို အစ္စရေးတိုက်ခိုက်ရာမှာ နောက်ကွယ်က အမေရိကန် ပါဝင်နေသလား။ ဇွန်လ ၁၃ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို အမေရိကန်က “အသေအချာ ထောက်ခံတယ်” လို့ ပြောခဲ့ပြီး “ အီရန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုဟာ
နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 17 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် နဲ့ ပတ်သက်တဲ့ ပို့စ်တချို့ကိုတင်မိတဲ့အတွက် နောင်တရတယ်လို့ အီလွန်မာ့ခ်ဆို

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 32 Views
၂၀၂၅ခုနှစ်၊ ဇွန်လ ၁၁ရက် ဘီလျံနာသူဌေးကြီး အီလွန်မာ့ခ် သည် ဆိုရှယ်မီဒီယာပေါ်တွင် စကားစစ်ထိုးနေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့်ပတ်သက်သော ပို့စ်အချို့ကိုတင်မိသည့်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။ “ ရေးတာကအရမ်လွန်သွားတယ်” ဟု ၎င်း၏ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း