Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်း စစ်ကောင်စီ တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ကျုးလွန်ခဲ့ ဟု NUG ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူ ၅ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ပေါင်း ၆၄ ကြိမ် ကျုးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ၇၆၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက မတ်(၁၅) ရက်မှာ ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။

NUG ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ယင်းရွာမှာ အရပ်သား ၃၄ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ကောင်စီတပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ခဲ့ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

Era’sEyes | ဓာတ်ပုံ – CJ (အနန့်ပါလေကြောင်းတိုက်ခိုက်ခံခဲ့ရစဥ်)

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ မှုမှာ ပြည်သူ ၇၆၆ ဦးသတ်ဖြတ်ခံရပြီး အဲဒီအထဲမှာ အမျိုးသား ၄၈၂ ဦး ၊ အမျိုးသမီး ၇၈ ဦးပါဝင်ကာ ကျန်တဲ့ ၂၀၆ ဦးရဲ့အလောင်းတွေကိုတော့ ကျား၊မ စစ်ဆေးဖို့ မလွယ်ကူခဲ့ဘူးလို့ NUG ကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အများဆုံးခံရတဲ့ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၄၆ ကြိမ် ရှိခဲ့ကာ စစ်ကိုင်းဒေသခံ ပြည်သူ ၄၄၉ ဦး သေဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချခဲ့ကာ ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 22 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ ညနေပိုင်းအချိန်က ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 24 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar
မြန်မာသတင်း

ထီးလင်းမှာ နိုင်/ကျဉ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲအချို့ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 19 Views
‌ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့က ထီးလင်းမြို့မရဲစခန်းကနေ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီလ (၁၇)ရက်နေ့ ညပိုင်းလောက် ထီးလင်းမြို့မရဲစခန်းမှာ ချုပ်ထားတဲ့ နိုင်/ကျဉ်း
မြန်မာသတင်း

နွားထိုးကြီးမှာ မြို့သူမြို့သားတွေ အဓိကကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားကို စစ်ကောင်စီ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 22 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁၂)နာရီ (၁၈)မိနစ်အချိန်က နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့က ရှေးဟောင်းသမိုင်းဝင်ဘုရားနဲ့ စေတီပုထိုးတွေ ပေါတဲ့မြို့ဆိုလဲမမှားပါဘူး။
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၉/စစ်ဆင်ရေးအနေနဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူအနေနဲ့ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ပွဲငယ်တွေဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်ခဲ့တာပါ” လို့
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 24 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့