နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်ဒေသခံများ ဗုံးခိုကျင်း တူးထားကြရန် CDF-Mindat က အသိပေးထုတ်ပြန်။

စစ်ကောင်စီရဲ့ လေကြောင်းရန်မှ ကာကွယ်နိုင်ရန် မင်းတပ်မြို့နယ်အတွင်း နေထိုင်သူများ ဗုံးခိုကျင်းများ တူးထားကြရန် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDF- Mindat က ဧပြီလ (၁၄) ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လိုက်ပါတယ်။


ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) နဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်လျက်ရှိတဲ့အတွက် မိဘပြည်သူများ ဘေးကင်းစေရန် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုအန္တရာယ်မှ ကာကွယ်နိုင်တဲ့ ပုန်းခိုရန် ကတုတ်ကျင်းတွေကို သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အမြန်ဆုံး တူးထားကြပါရန် တိုက်တွန်းထားပါတယ်။

CDF-Mindat အနေနဲ့ ဗုံးခိုကျင်းများ တူးဖော်ကြရန် အကြိမ်ကြိမ် တိုက်တွန်းပြီး ဖြစ်တယ်လို့ ဆိုထားပြီး အခု ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိသူတွေကို လိုအပ်တဲ့ အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။


စစ်ကောင်စီဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို အကြိမ်ကြိမ် လေကြောင်းမှ တိုက်ခိုက်လျက်ရှိပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကစီကြီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်များအပါဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရပါတယ်။


ဧပြီလ (၁၀) ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဝေဘူလမြို့သစ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ပြည်သူ (၉) ဦး သေဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့တွေထဲ စစ်တပ်သူလျှိုတွေ စိမ့်ဝင်နေတဲ့အပေါ် လှိုင်ပကဖသတိပေး

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 0 Views
ဇွန်လ (၂၄)ရက်။ ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေထဲ စစ်ကောင်စီရဲ့ အယောင်ဆောင်သူလျှိုတွေ စိမ့်ဝင်နေတာကြောင့် လှိုင်မြို့နယ်-ပကဖက အထူးသတိထားကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လှိုင်မြို့နယ်-ပကဖအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်ဖို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာဟောင်းတွေ တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 0 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမပြုလုပ်ဘဲ သပိတ်မှောက် ကံဆောင်ဖို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာဟောင်းတွေက ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

အစုအဖွဲ့အကြား ငြိမ်းချမ်းစွာဖြေရှင်းဖို့ CDF-Matupi ရန်ပုံငွေရှာဖွေရေးကော်မတီတိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 0 Views
ဇွန်လ (၂၄)ရက်။ ဒေသခံလက်နက်ကိုင်အစုအဖွဲ့အကြား ငြိမ်းချမ်းစွာဖြေရှင်းဖို့ CDF-Matupi ရန်ပုံငွေရှာဖွေရေးကော်မတီက မနေ့ကရက်စွဲနဲ့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး CDF-Matupi တပ်မဟာ(၁)နဲ့ တပ်မဟာ(၂)အပြင် သူတို့နဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေကြာ သဘောထားကွဲလွဲတာကနေ ပဋိပက္ခအဆင့်အထိ ဖြစ်ပွားနေတာကို အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့
မြန်မာသတင်း

အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုစလုံးကို KIA တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 3 Views
ဇွန်လ (၂၄)ရက်။ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အင်းတော်ကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းတော်ကြီးပြည်သူတွေ ဘေးကင်းအောင်နေကြပါတယ်၊ ဝေလုံစခန်း၊ ညောင်ပင်စခန်းနဲ့ ချောင်းဝစခန်းတွေကို သိမ်းနိုင်ခဲ့ပါပြီ” လို့
မြန်မာသတင်း

မြင်းခြံမြို့မှာ ဆရာတော်တပါး ပစ်ခတ်ခံရတာကို စစ်ကောင်စီက PDF ကိုထပ်စွပ်စွဲ

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၃)ရက်နေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က မြင်းခြံမြို့မှာ စခမကျေးရွာက ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်ခဲ့တာကို စစ်ကောင်စီက PDF တွေကို ထပ်မံစွပ်စွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စခမကျေးရွာရှိ ရွာဦးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥတ္တမက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ ဆို

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 4 Views
ဇွန်လ (၂၄) ရက်။ ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က မနေ့က သိမ်းပိုက်လိုက်နိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။ ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းကြားရှိ ဇီးဖြူကုန်းကျေးရွာအနောက်ဘက်မှာ တိုက်ပွဲတွေ
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို