နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးနှင့် မိုခါမုန်တိုင်းကို ကျော်လွှားနိုင်ခဲ့ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ပြောကြား

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုမှာ လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးနှင့် ကျော်လွှားနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၅ ရက်မှာ ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးမှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။


အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “မုန်တိုင်းသတိပေး ချက်များကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ခဲ့လို့ မုန်တိုင်းတိုက်ခတ်ချိန်တွင် လူ့အသက်အန္တရာယ်ထိခိုက်မှုကို အနည်းဆုံး အခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပါ။

မုန်တိုင်းဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်း၊ အစားအသောက်၊ ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို အမြန်ဆုံးပို့ဆောင်ပေးရမယ်လို့လည်း ပြောကြားပါတယ်။

ဒါ့အပြင် မိုခါမုန်တိုင်း ဆက်လက်ဖြစ်ပေါ်နေတီ သတင်းအချက် အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ စစ်ကောင်စီက မေ ၁၅ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
Era’sEyes /Photo -CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ
မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)က “ SUU 80th” စာသားကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ