ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးက လှိုက်လှဲစွာကြိုဆိုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ်တွင်းက မျိုးနွယ်စုနဲ့ ဘာသာအယူဝါဒစုံလင်ကွဲပြားမှုတွေရှိနေတဲ့ ကရင်နီပြည်သူလူထုနဲ့ ဆွေးနွေးညှိုနှိုင်းပြီး ဘုံသဘောထားရယူစုစည်းကာ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တဲ့အတွက် KNU က ဝမ်းသာဂုဏ်ယူတယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။
တခြားဖက်ဒရယ်ယူနစ်တွေနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေလို့ သဝဏ်လွှာပေးပို့လိုက်တာပဲဖြစ်ပါတယ်။
#Era’sEye