နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးက လှိုက်လှဲစွာကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးက လှိုက်လှဲစွာကြိုဆိုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်တွင်းက မျိုးနွယ်စုနဲ့ ဘာသာအယူဝါဒစုံလင်ကွဲပြားမှုတွေရှိနေတဲ့ ကရင်နီပြည်သူလူထုနဲ့ ဆွေးနွေးညှိုနှိုင်းပြီး ဘုံသဘောထားရယူစုစည်းကာ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တဲ့အတွက် KNU က ဝမ်းသာဂုဏ်ယူတယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။

တခြားဖက်ဒရယ်ယူနစ်တွေနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေလို့ သဝဏ်လွှာပေးပို့လိုက်တာပဲဖြစ်ပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က
မြန်မာသတင်း

မှော်ဘီလေတပ်ပစ်ခတ်ခံရပြီး လေယာဉ် (၂)စင်းပျက်စီးကာ စစ်ကောင်စီလေတပ်အရာရှိ (၃)ဦးအပါ (၁၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်က စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခစစ်ဌာနချုပ်ကလွဲပြီး စစ်ကောင်စီစခန်းအားလုံးကို ထိန်းချုပ်လိုက်ပြီလို့ AA ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ အမ်းမြို့မှာ နပခစစ်ဌာနချုပ်တစ်ခုကလွဲပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ အမ်းဒေသထဲမှာ စစ်ကောင်စီရဲ့ စခန်းနေရာ (၃၀)ကျော်ရှိတဲ့အထဲ ဒီကနေ့ဆိုရင် နပခတစ်ခုသာ ကျန်ရှိတော့တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိဖို့
မြန်မာသတင်း

ခံယူချက် မယိမ်းယိုင်ဖို့နဲ့ တပ်တွင်း စည်းလုံးဖို့ စစ်ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်စေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်က သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တပ်တွင်းစည်းလုံးညီညွတ်ဖို့အတွက် အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ
မြန်မာသတင်း

ပျူစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးဖို ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ပျုစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့အပေါ် ရေးမြိုအခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးသွားမယ်လို ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ဇွန်လကုန်ပိုင်းတုန်းက ရေးမြိုနယ်ရှိ ကွန်ဒူးကျေးရွာက ပျုစောထီး ဦးခေါင်းဖြူ(ခ)ဇံမင်းကို ကို ရေးဘီလူးအဖွဲက
မြန်မာသတင်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာရေးထိုးဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ တရုတ်နိုင်ငံနဲ့ Joints Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှူစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်းထားတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။ အဲ့ဒီလုပ်ငန်းကော်မတီမှာ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး
မြန်မာသတင်း

ပေါင်းတည်မြို့မှာ PDF တွေကို ကြုံးဝါးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီခွဲအချိန်က ပေါင်းတည်မြို့၊ ဆင်လူးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို PPDF
မြန်မာသတင်း

မူတြော်ခရိုင်တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် (၈၈)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလထဲ မူတြော်ခရိုင်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၈၈)ဦး သေဆုံးပြီး (၁၃)ဦး