နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခု တည်ရှိမှုကို အစ္စရေးက လက်ခံနိုင်တော့မည်မဟုတ်ကြောင်း နိုဝင်ဘာလ (၁၄) ရက်နေ့က ပြောကြားခဲ့သည်။

“ ဂါဇာကမ်းမြှောင်ကဲ့သို့ သေးငယ်သောဧရိယာအကျယ်အဝန်းရှိသောနေရာတစ်ခုသည် သဘာဝအရင်းအမြစ်များနှင့် အမှီအခိုကင်းသော အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် ရင်းမြစ်များ မရှိသောနေရာသည် ဤမျှမြင့်မားသောလူသိပ်သည်းမှုတွင် အမှီအခိုကင်းစွာ၊ စီးပွားရေးအရနှင့် နိုင်ငံရေးအရ အချိန်အတော်ကြာကြာ ရပ်တည်နိုင်သည့်အခွင့်အလမ်းမရှိ” ဟု ဆမိုတစ်က သူ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။

“သူတို့ကို တခြားနိုင်ငံတွေက ဒုက္ခသည်တွေအဖြစ် လက်ခံတာက တခုတည်းသောဖြေရှင်းချက်ပဲဖြစ်တယ်။ ဒီလိုလုပ်ဆောင်ခြင်းက ဂျူးတွေနဲ့အာရပ်တွေရဲ့ခံစားနေရတဲ့ဝေဒနာကိုအဆုံးသတ်စေမှာဖြစ်တယ်” ဟု သူက ထပ်ပြောသည်။

ဓာတ်ပုံ။

အစ္စရေးဝန်ကြီးချုပ် (ဘယ်) နှင့် ဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) (ညာ)

[File: Ronen Zvulun/Pool]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးနှင့် ဟားမက်စ် ဂါဇာအပစ်ရပ်ရေး၊ ဓားစာခံ-အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇) ရက်။ အစ္စရေးဓားစာခံများ သဘောတူညီချက်အတိုင်း ဇန်နဝါရီလ (၁၉) ရက်တွင် လွတ်လာတော့မည် ဖြစ်သည်။ အစ္စရေးနှင့် အစ္စလာမ်မစ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာမှာ ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ရလဲ။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ရတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ အခုအခါမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမယ့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဂါဇာမြို့တော်တွင် အစ္စရေးတိုက်ခိုက်မှုအတွင်း ၄၅ ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၆) ရက်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းတစ်ဦး၏ ရုပ်အလောင်းကို ဂါဇာရှိ ဆေးရုံသို့ သယ်ဆောင်ခဲ့သည်။ ပါလက်စတိုင်းတို့ ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ ဇန်နဝါရီလ (၁၅) ရက်နေ့က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို တိုက်ခိုက်ခြင်းအား ကာကွယ်ရန် စစ်ကြောရေးဗီဒီယိုကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 49 Views
ဇန်နဝါရီလ (၉) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို ပြင်းထန်စွာ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ဟားမတ်စ်၏ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှုအတွက် အကာအကွယ်အဖြစ် အသုံးပြုသည်ဟု တည်းဖြတ်ထားသည့် စစ်ကြောရေး ဗီဒီယိုကို
ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 261 Views
ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း။  (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားတာဖြစ်ပါတယ်။) ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ အံ့အားသင့်ဖွယ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေရာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 75 Views
ဇန်န၀ါရီလ (၄) ရက်။ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဒေသခံများအား ရွှေ့ပြောင်းရန် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” အပါအဝင် ဧရိယာအသီးသီးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလ ၂ ရက် နေ့က ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေး တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 82 Views
ဒီဇင်ဘာလ (၃၀) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ကာမယ်အက်(ဒ)ဝင် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာအာဏာပိုင်က ပြောဆိုလိုက်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်သည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 87 Views
ဒီဇင်ဘာလ (၂၈) ရက်။ အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ထိန်းသိမ်းထားကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။