နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက်

အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူးက ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်နှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အီရန်၏ နောက်ဆုံး မူကြမ်း အဆိုပြုချက်ကို “ဆွေးနွေးနေဆဲဖြစ်သည်” ဟု အစိုးရတစ်ပိုင်းဖြစ်သော မီဟာ (Mehr) သတင်းအေဂျင်စီက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ ၎င်းသည် အစ္စရေးက လက်ဘနွန် အပေါ် ဆက်လက်တိုက်ခိုက်နေမှုကြောင့် ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားကြောင်း အစိုးရနှင့် ဆက်နွှယ်နေသည့် တာ့စ်နင် (Tasnim) သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့ပြီး နောက်၊ ဆွေးနွေးပွဲလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းကို ပြသနေသည်။

သို့သော်လည်း အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူးဖြစ်သူ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ်က အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ ပို့စ်တစ်ခုတင်ခဲ့ရာ၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အီရန်သည် သံတမန်ရေးရာထက် ကျော်လွန်ကာ အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာ၏ မဟာမိတ်ဖြစ်သူ လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီနှင့် စကားပြောဆို ရာတွင် ဂါလီဘတ်ဖ်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“လက်ဘနွန်မှာ ဇီယွန်ဝါဒီအစိုးရရဲ့ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဆွေးနွေးပွဲလမ်းကြောင်းကို ရပ်တန့်ပစ်မှာတင်မကဘဲ၊ သူတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်တုံ့ပြန်သွားမှာဖြစ်ကြောင်း ကျွန်တော် အလေးအနက် ပြောကြားခဲ့ပါတယ်။”

၎င်းက “အီရန်နဲ့ လက်ဘနွန် ပြည်သူတွေကြားက ညီအစ်ကို စိတ်ဓာတ် ထာဝစဉ် တည်တံ့ ပါစေ!” ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ် စကားပြောကြားစဉ်။ (ဓာတ်ပုံ – Majid Asgaripour/WANA/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 23 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ