နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက်

အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ၎င်းသတင်းသည် ပြီးခဲ့သည့်သီတင်းပတ်က ကာတာနိုင်ငံသို့သွားရောက်ခဲ့သည့် အီရန် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါသွားသော မီဒီယာအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကားထားခြင်းဖြစ်သည်။

အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ် နှင့် ကာတာအရာရှိများကြား ဆွေးနွေးမှုများကို ရှင်းပြရာတွင် သတင်းထောက် ဆာအိဒ် အာဂျော်လူက “ဆွေးနွေးပွဲတွေဟာ တိုးတက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆိုင်းငံ့ပိုင်ဆိုင်မှုတွေကို ရယူသုံးစွဲခွင့်မှာ အနှောင့်အယှက် တစ်စုံတစ်ရာရှိတယ်လို့ အီရန်ဘက်က ခံစားရရင် သဘောတူညီချက်ကနေ နုတ်ထွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီဒေါ်လာ ၁၂ ဘီလီယံကို ရယူသုံးစွဲခွင့် ပုံစံစနစ်ကိုယ်တိုင်က သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် အာမခံချက်တစ်ခု ဖြစ်ရပါမယ်” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စုစုပေါင်းပမာဏထဲမှ ဒေါ်လာ ၆ ဘီလီယံမှာ “ယခင်ကတည်းက ဆိုင်းငံ့ခံထားရသည့် အီရန်၏ ရန်ပုံငွေများ” ဖြစ်ပြီး၊ ကျန်ဒေါ်လာ ၆ ဘီလီယံမှာမူ “ယခုအဆင့်တွင်ထပ်မံထုတ်ပေး ရမည့် ပမာဏအသစ်” ဖြစ်ကြောင်း ၎င်းသတင်းထောက်က ရှင်းပြခဲ့သည်။

တီဟီရန်နှင့် ဝါရှင်တန်တို့ ယာယီသဘောတူညီချက် ရရှိပါက အီရန်၏ ပိုင်ဆိုင်မှု စုစုပေါင်း ဒေါ်လာ ၂၄ ဘီလီယံအထိ ပြန်လည်ပေးအပ်လာနိုင်ပြီး၊ သဘောတူညီချက်ကို ကြေညာသည့် အချိန်တွင် ယင်းပမာဏ၏ ထက်ဝက်ကို ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း အစိုးရနှင့် ဆက်နွှယ်နေသည့် တာ့စ်နင် (Tasnim) သတင်းအေဂျင်စီက ယခင်က ဖော်ပြခဲ့ဖူးသည်။

ဤရန်ပုံငွေများအတွက် ကာတာနိုင်ငံက “အာမခံပေးသူ” အဖြစ် ဆောင်ရွက်ရန် ကတိပြုထားကြောင်း အာဂျော်လူကို ကိုးကား၍ ဖားစ်သတင်းဌာနက ဖော်ပြသည်။

“အဓိကအယူအဆကတော့ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲတွေလုပ်၊ သဘောတူညီချက် လက်မှတ်ထိုးပြီးမှ နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်ပွားလာတဲ့အခါ ကျွန်တော်တို့ပိုင်ဆိုင်မှုတွေကို သုံးစွဲခွင့် ပြန်ပိတ်သွားတာမျိုး မဖြစ်စေဖို့ပါပဲ။”

အီရန်နှင့် သဘောတူညီချက်ရရှိရန် အာမခံချက်အဖြစ် ကာတာက အီရန်ကို ဒေါ်လာ ၁၂ ဘီလီယံ “ကမ်းလှမ်းခဲ့သည်” ဟူသော မီဒီယာများ၏ ဖော်ပြချက်ကိုမူ ကာတာနိုင်ငံဘက်က ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက