နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပိုင် “ ရွှေဖီဦး” လက်ဖက်ခြောက်စက်ရုံကို TNLA သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

မနေ့က ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို တအာင်းပြည်နယ်အတွင်း ဆက်လက်ဆင်နွှဲနေတဲ့ အာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် (TNLA) က ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပိုင် “ရွှေဖီဦး” လက်ဖက်ခြောက်စက်ရုံကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိတယ်လို့ သိရပါတယ်။

စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLA က ခိုက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၁ ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၁) ဦး သေဆုံးခဲ့ကာ စေတီပုထိုးနဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အထက်မန်လွယ်‌‌ကျေးရွာနဲ့ ပန်လော‌ကျေးရွာတွေမှာ နေအိမ် (၇) လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်တို့တွင်လည်း စစ်ကောင်စီ အထိုင်တပ်စခန်းများနဲ့ စခန်းကုန်းများကို TNLA နှင့် ပူးပေါင်းမဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကာကွယ်ရေးအပြင် စီးပွားရေးလုပ်ငန်းတိုင်းမှာလည်း ဝင်ပါနေတယ်။ ယုတ်စွအဆုံး မွန်ပြည်နယ်ရဲ့ ရွာသေးသေးလေးက ဆားလုပ်ငန်းမှာတောင် စစ်ကောင်စီရဲ့ ဦးပိုင်က ဝင်လုပ်နေတော့ စစ်ကောင်စီတပ်သားတွေ ဟိုနေရာပါ ဒီနေရာပါ နေရာတကာပါဆိုတော့ တိုက်ခိုက်ရေးစွမ်းရည် ကျတာလည်း မထူးဆန်းပါဘူးလို့ စစ်ရေးကျွမ်းကျင်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ဓာတ်ပုံ။

Shwe Phee Myay News Agency

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 11 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ
မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့
မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 14 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို