နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယောကာကွယ်ရေးတပ် ရဲဘော်များအား ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်းနှင့် ရာထူးအဆင့်သတ်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

စစ်သင်တန်းဆင်း ရဲဘော်တွေကို ကိုယ်ပိုင်အမှတ်ပေးအပ်တာနဲ့ ရာထူးအဆင့်ခန့်အပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် (YDF) က ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တော်လှန်ရေးကာလမှာ ယောဒေသအတွက် အသက်၊ သွေး၊ ချွေး ရင်းနှီးပြီး သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေတဲ့ ယောကာကွယ်ရေးတပ် စစ်သည်တချို့ကိုလည်း ရာထူးအဆင့် ပြန်တမ်းတွေ ထုတ်ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ ယောကာကွယ်ရေးတပ် (YDF) ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရဲဘော်တွေအနေနဲ့ ယောဒေသပြည်သူပြည်သားတွေရဲ့အရေး ဦးထိပ်ထား ဆောင်ရွက်ကြဖို့၊ ပြည်သူလူထုကို မိဘသဖွယ် သဘောထားပြီး ပေးအပ်တဲ့ တာဝန်၊ ဝတ္တရားကို ထမ်းဆောင်ကြဖို့ ပြောကြားသွားပါတယ်။

ယောကာကွယ်ရေးတပ် (YDF) ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် NUG မပေါ်ပေါက်ခင်ကတည်းက စတင်တည်ထောင်ခဲ့ပြီး တူမီးသေနတ်၊ ခေါက်ချိုးသေနတ်၊ တစ်တောင့်ထိုးသေနတ်တွေနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တဲ့တပ်ဖွဲ့တဖွဲ့ ဖြစ်တယ်လို့ YDF နဲ့ နီးစပ်သူက ခေတ်မျက်လုံးကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါက်ပေါက်လာပြီး ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပြီးတဲ့အချိန်မှာ ဂန့်ဂေါလွှတ်တော်အမတ်ဒေါ်ယဉ်မင်းလှိုင်က သူတို့လက်အောက်ကို ဝင်ဖို့ပြောခဲ့ပြီး သူတို့ လက်အောက်မဝင်ရင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပေမယ့် ကြံ့ကြံ့ခံပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေတဲ့အဖွဲ့လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုလည်း သူတို့အဖွဲ့ကို NUG လက်အောက်ခံ တရားဝင်တပ်ရင်းအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုအချိန်ထိ အသိအမှတ်ပြုခြင်း မခံရသေးဘူးလို့ YDF နဲ့ နီးစပ်သူထံက သိရပါတယ်။

ဓာတ်ပုံစာ။

ယောကာကွယ်ရေးတပ် စစ်သည်များအား တွေ့ရစဉ်။

(Photo: YDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 5 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 12 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 8 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 11 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 22 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ
မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 21 Views
မေလ (၂၃)ရက်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲက အပ်နှင်းတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာလို ဆိုပါတယ်။