နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နမ့်ဆန်မြိုတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒေသခံနေအိမ်များ မီးလောင်ပျက်စီး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြိုနယ်မှာ မနေ့က ဒီဇင်ဘာလ (၁၄) ရက်နေ့နဲ့ ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တစ်ဦးသေဆုံးပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၄) ရက်နေ့ ည (၁၁) နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နမ့်ဆန်မြိုနယ် ငွန်ဆိုင်းကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးဖိုးညွန့်၊ ဦးအိုက်ထုံး၊ ဦးခမ်းကျော်၊ ဦးထွန်းရင်တို့ နေအိမ် (၄) လုံး ထိမှန်မီးလောင်ခဲ့ပြီး အသက်(၇၀) ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် (၇) နာရီအချိန်မှာ ငွန်ဆိုင်းကျေးရွာနဲ့ နမ့်ဆန်မြို့အတွင်းကို လေယာဉ်နဲ့ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ် (၃) လုံးနဲ့ ငွန်ဆိုင်းရွာ မူလာတန်းကျောင်း ထိမှန်မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်အတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည် (၂) နာရီဝန်းကျင်မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခဲ့တဲ့အတွက် နမ့်ဆန်မြို့က စစ်ကောင်စီရဲ့ လက်ဖက်ခြောက် အချိုခြောက်စက်ရုံ မီးလောင်နေတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေတာရှည်မြို့နယ်မှာ ရေဘေးကူညီကယ်ဆယ်တဲ့ PDF တစ်ဦး အသက်ပေးလှူခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 8 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ရေဘေးကူညီကယ်‌ဆယ်ရေးလုပ်ငန်း ‌လုပ်ဆောင်နေတဲ့ PDF ရဲဘော်တစ်ဦး အသက်စွန့်လွှတ်ပေးလှူခဲ့ရတယ်လို့ MOD ရဲ့
မြန်မာသတင်း

ရေဘေး နှစ်ရက်တာထဲ ရမည်းသင်းမြို့မှာ သေဆုံးသူ (၂၀၀)ကျော်အထိရှိလာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 9 Views
စက်တင်ဘာလ (၁၄)ရက်။ အခုနှစ်ရက်တာထဲ ရမည်းသင်းမြို့မှာ ရေကြီးတာကြောင့် သေဆုံးသူဦးရေဟာ (၂၂၈)ဦးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီသတင်းချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ
မြန်မာသတင်း

ရေဘေးအတွက် ပြည်ပနိုင်ငံက အကူအညီတွေရရှိအောင်လုပ်ဖို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 6 Views
စက်တင်ဘာလ (၁၄)ရက်။ ရေဘေးခံစားခဲ့ရတဲ့ အခြားနိုင်ငံတွေလို ပြည်ပနိုင်ငံတွေကနေ အထောက်အပံ့တွေ အမြန်ဆုံးရရှိဖို့အတွက် ချိတ်ဆက်လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတ၀န်း ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးထောက်ပံ့ဖို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးပြီး (၃)ဦးဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 8 Views
စက်တင်ဘာလ (၁၄)ရက်။ စက်တင်ဘာလ (၅)ရကနေ့ကစပြီး (၃)ရက်တာ ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးထဲ စစ်ကောင်စီစိုးမိုးထားတဲ့ တပ်၊ ရဲစခန်းနဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ Loikaw Local PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးတိုက်ပွဲထဲ
မြန်မာသတင်း

ရေဘေးကူညီဖို့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထွန်းထွန်းမင်း လေလံတင်ရောင်းချ၊ ကျပ်သိန်း (၃၇၀)ရရှိထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 6 Views
စက်တင်ဘာလ (၁၄)ရက်။ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ရည်ရွယ်ပြီး လေလံတင်ရောင်းချတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် ကျပ်သိန်း (၃၇၀)ထိ ရရှိထားတယ်လို့ ထွန်းထွန်းမင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချံပီယံ ခါးပတ်ကို ပြည်တွင်းမှာ မြန်မာလူငယ်ပညာရှင်တွေ မွေးထုတ်‌ပေးနေတဲ့ နည်းပညာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ တစ်မြို့မကျန် သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 13 Views
စက်တင်ဘာလ (၁၄)ရက်။ ရခိုင်မှာ ကျန်ရှိနေ‌တဲ့ မြို့တွေအပါအ၀င် တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်ဒေသနဲ့ ပလက်၀‌ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲအနေနဲ့ ၂၀၂၃ခုနှစ် နို၀င်ဘာလ (၁၃)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ကာ မနေ့က
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 12 Views
စက်တင်ဘာလ (၁၄)ရက်။ ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ကရင်နီပြည်မှာ ရက်သတ္တပတ်ထဲ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဟာ
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 10 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ