နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တပ်က မှားယွင်းပစ်ခတ်မှုကြောင့် ဓါးစာခံ (၃) ဦး သေဆုံး

ဂါဇာမြောက်ပိုင်းမှာ နယ်မြေရှင်းလင်းမှုပြုလုပ်နေတုန်း ဓားစာခံ သုံးဦးကို မှားယွင်းပစ်ခတ်မိခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက “ဂါဇာမြောက်ပိုင်းက ရှီဟိုင်ယားရပ်ကွက်မှာ IDF က မှားယွင်းပစ်ခတ်လိုက်လို့ အစ္စရေးဓားစာခံ သုံးဦး သေဆုံးသွားခဲ့ရပါတယ်”လို့ ပြောသွားခဲ့တာပါ။

ဂါဇာမြောက်ပိုင်းက ရှီဟိုင်းယားရပ်ကွက်ဟာ ပြီးခဲ့တဗုဒ္ဓဟူးနေ့က ဟားမက်စ်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ အစ္စရေးစစ်သား ကိုးဦး သေဆုံးခဲ့ရတဲ့နေရာဖြစ်ပြီး အဲဒီရပ်ကွက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်မှာ အစ္စရေးဓားစာခံ ၃ ဦးကို မတော်တဆမှားယွင်းပစ်ခတ်မိခဲ့တာဖြစ်ပါတယ်။ အခုတော့ သေဆုံးသွားတဲ့ ဓါးစာခံ ၃ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဂါဇာကနေ ပြန်သယ်လာခဲ့ပြီလို့လည်း ဗိုလ်ချုပ်ကြီး ဟာဂရီက ပြောပါတယ်။

သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၃ ဦးဟာ ကစ်ဘတ်ကဖာအဇာကနေ ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့ ယိုတမ်ဟိုင်း၊ ကစ်ဘတ်နာအမ်ကနေ ဖမ်းဆီးခံလိုက်ရတဲ့ ဆမ်မာတာလယ်ကာတို့ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိသားစုရဲ့ ဆန္ဒအရ အမည်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ အဲဒီ ဓားစာခံ ၃ ဦးဟာ ဟားမက်စ်တွေလက်ထဲက ထွက်ပြေးလွတ်မြောက်တာ၊ ဒါမှမဟုတ် ဟားမက်စ်တွေ လွှတ်ပေးလိုက်တာဖြစ်နိုင်တယ်လို့ IDF တာဝန်ရှိသူတွေက သုံးသပ်နေကြပါတယ်။

ဓားစာခံတွေဟာ အစ္စရေးစစ်သားတွေနဲ့ရင်ဆိုင်တွေ့ဆုံချိန်မှာ လက်မြှောက်တာ ဒါမှမဟုတ် ဟီးဘရူးဘာသာနဲ့ အော်ဟစ်ပြောဆိုတာမျိုး လုပ်ခဲ့လားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အပေါ်မှာတော့ ဗိုလ်ချုပ်ကြီး ဟာဂရီက ချက်ချင်းမဖြေနိုင်ဘဲ ခဏကြာမှ အဲဒီ ရှီဟိုင်းယားရပ်ကွက်ဟာ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲဇုန်ဖြစ်လို့ မှားယွင်းပစ်ခတ်ခဲ့တာလို့သာ ဖြေဆိုခဲ့ပြီး အခုဖြစ်စဉ်ကနေ သင်ခန်းစာယူသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“IDF အနေနဲ့ အခုလို ဝမ်းနည်းစရာဖြစ်ရပ်အတွက် ကြေကွဲရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်ပြီး သူတို့ရဲ့ အိမ်အရောက်ပြန်ပို့နိုင်ဖို့က ကျတော်တို့ရဲ့ တာဝန်သာဖြစ်ပါတယ်”လို့ ဟာဂရီက ပြောသွားခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/ErasEye/videos/944255300450638

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက