နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တပ်က မှားယွင်းပစ်ခတ်မှုကြောင့် ဓါးစာခံ (၃) ဦး သေဆုံး

ဂါဇာမြောက်ပိုင်းမှာ နယ်မြေရှင်းလင်းမှုပြုလုပ်နေတုန်း ဓားစာခံ သုံးဦးကို မှားယွင်းပစ်ခတ်မိခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက “ဂါဇာမြောက်ပိုင်းက ရှီဟိုင်ယားရပ်ကွက်မှာ IDF က မှားယွင်းပစ်ခတ်လိုက်လို့ အစ္စရေးဓားစာခံ သုံးဦး သေဆုံးသွားခဲ့ရပါတယ်”လို့ ပြောသွားခဲ့တာပါ။

ဂါဇာမြောက်ပိုင်းက ရှီဟိုင်းယားရပ်ကွက်ဟာ ပြီးခဲ့တဗုဒ္ဓဟူးနေ့က ဟားမက်စ်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ အစ္စရေးစစ်သား ကိုးဦး သေဆုံးခဲ့ရတဲ့နေရာဖြစ်ပြီး အဲဒီရပ်ကွက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်မှာ အစ္စရေးဓားစာခံ ၃ ဦးကို မတော်တဆမှားယွင်းပစ်ခတ်မိခဲ့တာဖြစ်ပါတယ်။ အခုတော့ သေဆုံးသွားတဲ့ ဓါးစာခံ ၃ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဂါဇာကနေ ပြန်သယ်လာခဲ့ပြီလို့လည်း ဗိုလ်ချုပ်ကြီး ဟာဂရီက ပြောပါတယ်။

သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၃ ဦးဟာ ကစ်ဘတ်ကဖာအဇာကနေ ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့ ယိုတမ်ဟိုင်း၊ ကစ်ဘတ်နာအမ်ကနေ ဖမ်းဆီးခံလိုက်ရတဲ့ ဆမ်မာတာလယ်ကာတို့ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိသားစုရဲ့ ဆန္ဒအရ အမည်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ အဲဒီ ဓားစာခံ ၃ ဦးဟာ ဟားမက်စ်တွေလက်ထဲက ထွက်ပြေးလွတ်မြောက်တာ၊ ဒါမှမဟုတ် ဟားမက်စ်တွေ လွှတ်ပေးလိုက်တာဖြစ်နိုင်တယ်လို့ IDF တာဝန်ရှိသူတွေက သုံးသပ်နေကြပါတယ်။

ဓားစာခံတွေဟာ အစ္စရေးစစ်သားတွေနဲ့ရင်ဆိုင်တွေ့ဆုံချိန်မှာ လက်မြှောက်တာ ဒါမှမဟုတ် ဟီးဘရူးဘာသာနဲ့ အော်ဟစ်ပြောဆိုတာမျိုး လုပ်ခဲ့လားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အပေါ်မှာတော့ ဗိုလ်ချုပ်ကြီး ဟာဂရီက ချက်ချင်းမဖြေနိုင်ဘဲ ခဏကြာမှ အဲဒီ ရှီဟိုင်းယားရပ်ကွက်ဟာ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲဇုန်ဖြစ်လို့ မှားယွင်းပစ်ခတ်ခဲ့တာလို့သာ ဖြေဆိုခဲ့ပြီး အခုဖြစ်စဉ်ကနေ သင်ခန်းစာယူသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“IDF အနေနဲ့ အခုလို ဝမ်းနည်းစရာဖြစ်ရပ်အတွက် ကြေကွဲရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်ပြီး သူတို့ရဲ့ အိမ်အရောက်ပြန်ပို့နိုင်ဖို့က ကျတော်တို့ရဲ့ တာဝန်သာဖြစ်ပါတယ်”လို့ ဟာဂရီက ပြောသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

နိုင်ငံခြားသားရန်သူများအက်ဥပဒေအရ ပြည်နှင်ဒဏ်ပေးခြင်းကို အမေရိကန် တရားရုံးချုပ်က ဆိုင်းငံ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ အင်္ဂါနေ့အစောပိုင်းတွင် နိုင်ငံခြားသားရန်သူများအက်ဥပဒေ (Alien Enemy Act) အရ လိုက်နာရမည့် ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ယာယီပိတ်ပင်ချက်ကို အမေရိကန်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ထရန့်အစိုးရက ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရန် တွန်းအားပေးနေသည်ဟု တက္ကဆက်ရှိ
နိုင်ငံတကာသတင်း အမေရိကန်

“ ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်သို့ ထရန့်၏တောင်းဆိုချက်တစ်ခုကို ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဝေဖန်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 16 Views
+++++++++++++++++++++++ သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့ ဒီကျောင်းဝင်းထဲက သင်တန်းတိုင်းကို စစ်ဆေးမယ့် ဗဟိုအစိုးရကြီးကြပ်မှူးတယောက်ကို ကျောင်းက ခန့်အပ်ထားဖို့ ဒါမှမဟုတ် ထရန့်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 15 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 14 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က