နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

မြန်မာ့အရေးကို ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု အမေရိကန် ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ပြည်ထောင် စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် (Wendy Sherman) တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ NUG က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများနဲ့ တိုင်းရင်း သား တော်လှန်ရေး အင်အားစုတွေကို အစဉ်အမြဲ အားပေးထောက်ခံ နေပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ကျုးလွန်တဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို အရေးယူနိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးအနက် ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ကို တွေ့ရစဉ်။

အမေရိကန်အစိုးရဖက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် နဲ့ မြန်မာနိုင်ငံရဲ့ NUG အကြီးတန်းအရာရှိ ဒေါ်ဇင်မာအောင် အပါအဝင်  ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်းနဲ့ NUG ရဲ့ ဝါရှင်တန် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီ လိုလားသူများနဲ့ မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများနဲ့ ထိတွေ့ဆက်ဆံမှု အပြည့်အ၀ နက်ရှိုင်းလာစေရန် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူများအပေါ် မြန်မာစစ်အစိုးရရဲ့ လက်ရှိကိုင်တွယ်နေတဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုများကို ရှုတ်ချခဲ့ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုများအတွက် တာဝန်ခံမှု မြှင့်တင်ရန်နနဲ့ မြန်မာ နိုင်ငံရဲ့ အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာ အဆုံးသတ်စေရန် စစ်အစိုးရအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ် ဆောင်သွားမယ်ဆိုတာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က အာဆီယံအပါအဝင် မဟာ မိတ်များ၊ မိတ်ဖက်များ၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ၂၀၂၂ ခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုက ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။


Photo – U.S. Asia Pacific Media Hub

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို