နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

အမေရိကန်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ကန်ဒေါ်လာ သန်း ၅၀ ထပ်မံကူညီ

မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် ကန် ဒေါ်လာ သန်း (၅၀) ကို ထပ်မံထောက်ပံ့သွားမှာ ဖြစ်ကြောင်း ဖေဖေါ်ဝါရီ (၁၅) ရက်မှာ (USAID) က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာပိုမိုရှားပါးလာမှုတွေ ၊ တိုးမြင့်လာတဲ့ နေရပ်စွန့်ခွာရမှုတွေ ၊ ရှိရင်းစွဲလိုအပ်ချက်တွေအများအပြားရှိနေတဲ့ ဒေသတွေအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် အခုလို အကူအညီ ပေးအပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

USAID အနေနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ အတူ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေကလူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားဖို့နဲ့ ကာကွယ်ဖို့တို့အတွက် ကူညီနိုင်မယ်လို့ ဆိုပါတယ်။

အခုထောက်ပံ့မှုမှာ လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးအပ်တာ အသက်ငါးနှစ်အောက်ကလေးငယ်တွေ့ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် အာဟာရဖြစ်စားသုံးကုန်တွေပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ သန်းကျော် ထဲမှာ လူသုံးဦးတွင် တဦးခန့် – ဟာ ၂၀၂၃ ခုနှစ် အတွင်းလူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေကို လိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – CRD – ကရင်ပြည်နယ်ရှိစစ်ဘေးရှောင် ပြည်သူများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 12 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက် စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင်
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ
နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 12 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 13 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက် ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့် ဆူဆန် ကောလင်းစ် (Susan Collins) တို့သည် ဒီမိုကရက် အားလုံးနှင့်အတူ “နိုး”
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback)